အသည်းအဆီဖုံးခြင်းသည် အမျိုးသားများထက် အသက်အရွယ်ကြီးပိုင်း
အဝလွန်သောအမျိုးသမီးများတွင် ပိုမိုဖြစ်ကြပါတယ် ။ ဌင်းရောဂါသည့်
အမျိုးသားများထက် အမျိုးသမီးများတွင် ၆၀ ရာခိုင်နှုန်း
ပိုမိုဖြစ်ပွားလေ့ရှိပါတယ် ။
ဒီရောဂါဖြစ်ပွားရခြင်းသည် အဓိကတော့ အဆီပါဝင်မှု့ များသော အစားသောက်များကို
လွန်ကဲစွာ စားသုံးခြင်းကြောင့် ဖြစ်ပွားရပါသည် ။
အဆီအဆိမ့်ပါဝင်နှုန်းများပြားသည့် အစားအစာများမှာ မလိုင် ၊ ထောပတ် ၊ ဒိန်ခဲ
နှင့် နို့ ထွက်ပစ္စည်းများဖြင့် အထူးပြု့ လုပ်ထားသော မုန်
့မျိုးစုံအစားသောက်တွင် Cholesterol များစွာပါဝင်ခြင်းကြောင့်
ရေရှည်စားသုံးလာခဲ့လျှင် အသည်းအဆီဖုံးခြင်းကို ဖြစ်ပေါ်စေပါတယ် ။
တာရှည်ခံအောင် အထူးစီမံပြု့ လုပ်ထားသော စည်သွတ်ဘူးများတွင် လူခန္ဓာကိုယ်ကို
ဆိုးကျိုးဖြစ်စေနိုင်သော အဆီဓာတ်များပါဝင်နေခြင်းကြောင့် စည်သွတ်ထားသော သား
ငါး တွေကိုလည်း ရှောင်ကြဉ်ရမှာပါ ။
ထိုအပြင် အသားများတွင်
အဆီများများပါဝင်သည့် ကြက် ၊ ဘဲ ၊ ငါး၏အရေပြား ၊ ကြက်ဥ ၊ ဘဲဥ ၊ ငုံဥ ၊
အဆီပိုသော အမဲသား နှင့် ဝက်သားများကို ရှောင်ရှားသင့်ပါသည် ။
ဌင်းအစားသောက်များကို စားသောက်လျှင် အသီးအချဉ် နှင့်
ဟင်းရွက်အသီးအနှံများကိုပါ ရောနှောစားသောက်ပါ သို့ သော အသားများကို
အလွန်အကျွံစားသောက်တက်ခြင်းကို လျှော့ရပါလိမ့်မည် ။ သင်သည် အဆီများသော
အစားသောက်များကို စားသောက်ပြီးလျှင် အေးသောရေကို ချက်ခြင်းသောက်သုံးခြင်း
မပြုသင့်ပါ ။
အသည်းအဆီဖုံးခြင်း ဖြစ်နေသောသူများတွင်
ဆက်လက်ပြီးတော့ အသိပေးလိုတာက အဆီများစွာဖြင့် ကြော်လှော်ထားသော
အစားသောက်များ ၊ အုန်းသီး အုန်းနို့  ၊ အထူးသဖြင့် စားအုန်းဆီတို
့ကိုရှောင်သင့်ပြီး အမျိုးသားများတွင် စားသုံးလေ့ရှိသည့် အရက် ၊ ဆေးလိပ်
နှင့် ကွမ်းစားခြင်းကိုပါ ရှောင်ကြဉ်ပါ ။
အသည်းအဆီဖုံးသူအတွက် ဂတ်စ်များစွာ ပါဝင်နှုန်းဖြင့်စီမံထုတ်လုပ်ထားသော အချိုရည် ဗူးကိုသောက်သုံးခြင်းကို အထူး ရှောင်ရှားပါ ။
ဝေဒနာသည်အနေနှင့် စားသုံးသင့်သည့် အစာအဟာရများကတော့ လက်ဆတ်သော
ဟင်းသီးဟင်းရွက် ၊ အရည်ရွမ်းသော အသီးအနှံများ ၊ မလှိုင်ဖယ်ထားသော နို
့နှင့် အဆီပါဝင်မှု့ နည်းပါသော အသား ၊ ငါး ၊ ပုဇွန် တို့ ဘဲ ဖြစ်ပါတယ် ။
အသီးဖျော်ရည်များဖြစ်သော သံပုရာရည် ၊ ရှောက်သီးဖျော်ရည် ၊ ဂရိတ်ဖု
ဖျော်ရည်များကို မကြာမကြာ သောက်သုံးသင့်ပါသည် ။
Mg Mandalay
No comments:
Post a Comment