• အခုအရက်ဖြတ်ထားနိုင်တာ အတော်ချီးကျူးဘို့ ကောင်းတယ်။ Congratulations!
• ဆက်ထိန်းထားစေချင်တယ်။ စိတ်ပိုင်းကိုတော့ ကုရပါမယ်။
• Pricolax က ဝမ်းနုပ်ဆေးဖြစ်တယ်။ • Alprazolam (Niravam, Xanax, Xanax XR) ဆေးက စိတ်ကျလို့ဖြစ်ရတဲ့ စိုးရိမ်စိတ်ကဲတာတွေကို အများကြီး သက်သာစေတယ်။ အတော် ကောင်းပါတယ်။ ဒီဆေးကို ကျောက်ကပ်၊ အသဲ၊ ရေတိမ်ရောဂါ မရှိသူတွေကိုသာ ပေးတယ်။ အရက်နဲ့ မတည့်ပါ။ အရက်အရှိန်ကဲစေမယ်။ စိတ်ကျနေသူ၊ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ဖြစ်သူ၊ ဆေး-အရက်စွဲသူတွေကို ပေးဘို့ စိတ်အထူးကု-ဆရာဝန်ကနေ ဆုံးဖြတ်ပါမယ်။
• အရက်ဆိုတာ တခါတလေ စိတ်အားငယ်စေတယ်။ စိတ်ဓါတ်ကျနေမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။
• တခါတလေ ကြမ်းတမ်းတယ်။ သူများကို ရန်လုပ်၊ အပြစ်တွေသာ တင်နေမယ်။
• သူများ သတ်ချင်စိတ် ဝင်လိုက် ကိုယ့်ကိုယ်ကို သတ်ချင်စိတ် ပေါ်လိုက် ဖြစ်ကြရတယ်။
• အကောင်းဆုံး အကြံပေးရရင် အရက်ကို ဖြတ်လိုက်ပါ။ စိတ်အထူးကု-ဆရာဝန်ကို ပြပါ။ ကောင်းသွားမှာပါ။
• ဒီကြားထဲမှာ “ငါ အရက်ဖြတ်မယ်။ ရောဂါကိုကုမယ်” ဆိုတဲ့ အဆုံးအဖြတ်ကလွဲရင် တခြား အရေးပါတာတွေ မဆုံးဖြတ်ပါနဲ့။ မှားတာတွေ ဖြစ်တတ်လို့ နောင်တရပြီး စိတ်ဓါတ်ပိုကျစေနိုင်တယ်။
• အဲလိုလူမျိုး ကိုယ်တယောက်ထဲ မဟုတ်ဘူး။ လူရွယ်တွေ များမှများဘဲ။ ဒိထက် ဆိုးသွားသူတွေလဲ တအား ပေါတယ်။
• မေးတဲ့သူလို အရက်ဖြတ်ဘို့ကြိုးစာနိုသူက နည်းတယ်။ ဒါကြောင့် ချီးကျူးလိုက်တာပါ။
• ကိုယ့် ကျန်းမာရေးအတွက် မေးဘို့ အသိတရား ရှိနေတာကိုက ပျောက်မဲ့သူ ဖြစ်ပါတယ်။
• You can do that!
Dr. တင့်ဆွေ
No comments:
Post a Comment