၁။ ကုသမှုအစီအစဉ်ကို သေချာရေးဆွဲပါ
စိတ်ဓာတ်ကျနေတာက အချိန်အတော်ကြာတဲ့အထိခံစားနေရရင် စိတ်ပိုင်းဆိုင်ရာကုထုံးကိုမလွှဲပါနဲ။သင့်အနေနဲ့ ဆေးခန်းပုံမှန်သွားပြတာကို စိတ်အသက်မသာဖြစ်နေရင်တောင် ကိုယ့်ကိုယ်ကို ဆေးခန်းသွားဖို့နဲ့ ဆရာဝန်ပေးတဲ့ဆေးတွေကို မှန်မှန်သောက်ဖို့ သတိပေးနေပါ။ သင့်အနေနဲ့ စိတ်ဓာတ်ကျရောဂါကုသမှုဆိုင်ရာနည်းလမ်းတွေကို ရပ်တန့်လိုက်မယ်ဆိုရင် ရောဂါလက္ခဏာတွေ ပြန်ပေါ်လာပြီး စိတ်ကျရောဂါဝေဒနာကို ပြန်လည်ခံစားရနိုင်ပါတယ်။
၂။ စိတ်ဓာတ်ကျခြင်း၏ လက္ခဏာများကို သတိထားပါ
သင်ခံစားနေရတဲ့ စိတ်ကျရောဂါလက္ခဏာတွေဟာ သူများတွေရဲ့လက္ခဏာတွေနဲ့တူချင်မှတူနိုင်မယ်။ အဲဒီလက္ခဏာတွေကို မှတ်သားပြီး ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။
၃။ လေ့ကျင့်ခန်ပြုလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဓာတ်ကျရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေပါတယ်။ လမ်းလျှောက်ပါ။ ဥယျာဉ်ခြံမြေ စိုက်ပျိုးပါ။ ရေကူးပါ။ စိတ်ကျရောဂါ သိသိသာသာသက်သာသွားပါလိမ့်မယ်။
၎။ အယ်လ်ကိုဟောနဲ့ မူးယစ်ဆေးဝါးများ ရှောင်ပါ
အယ်လ်ကိုဟောနဲ့ မူးယစ်ဆေးဝါးဟာ စိတ်ကျရောဂါကို ပိုမိုဆိုးရွားစေတာကြောင့် လုံးဝမမှီဝဲပါနဲ့။
၅။ အိပ်ရေး၀၀အိပ်ပါ
ကောင်းကောင်းအိပ်နေတာက စိတ်ဓာတ်ကျနေသူတွေအတွက် အကောင်းဆုံးကုထုံးပါ။ အိပ်မပျော်နိုင်ဖြစ်နေရင် အိပ်စက်အနားယူနိုင်ဖို့ ဆရာဝန်နဲ့ဆွေးနွေးပါ။
No comments:
Post a Comment