အာရှတွင် သားအိမ်ခေါင်းကင်ဆာကြောင့် ၄ မိနစ်တိုင်း အမျိုးသမီးတစ်ဦး သေဆုံးနေရပါသည်။
'အမျိုးသမီးတိုင်းအတွက် ကြောက်ရွံ့စရာ သားအိမ်ခေါင်းကင်ဆာ'
• အာရှအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဟာ သေဆုံးမှုနှုန်း ဒုတိယအများဆုံးကင်ဆာ ဖြစ်ပါတယ်။
• ဒီအချက်ကို သတိပြုမိမှု တော်တော်နည်းနေသေးတာဟာအမှန်တကယ်
• အမျိုးသမီးများရဲ့အသက်အန္တရာယ်ကိ
မသေဘဲ ဝေဒနာခံစားနေရသူ များမှာလည်း ကိုယ်ရောစိတ်ပါ ထိခိုက်ခံစားရပါတယ်။
• ဝေဒနာခံစားနေရသူတွေရဲ့မိသားစု၊ လုပ်ငန်းခွင်၊ လူနေမှုဘ၀၀န်းကျင်ကိုပါ အကြီးအကျယ် ပြောင်းလဲ ထိခိုက်နိုင်ပါတယ်။
• အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ အမျိုးသမီးတိုင်း ဖြစ်ပွားနိုင်ပါတယ်။
• သင် ရောဂါဝေဒနာခံစားရလျှင် သင်သာမက သင့်မိသားစု၊ သင့်ဝန်းကျင်၊ သင့်ကိုချစ်သောသူများ အားလုံး သင်နဲ့ထပ်တူခံစားရမယ်၊ ကြေကွဲရမယ် ဖြစ်ပါတယ်။
'HPV (Human Papilloma Virus) ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတယ်'
• တခြားကင်ဆာတွေနဲ့မတူတာက သားအိမ်ခေါင်းကင်ဆာရောဂါဟာ HPV ပိုးကြောင့်ဖြစ်ပြီး ကာကွယ်လို့ရပါတယ်။
• HPV အမျိုးပေါင်း ၁၀၀ ကျော်အနက်က အချို့သာလျှင် ကင်ဆာဖြစ်စေပါတယ်။
HPV -၁၆ နဲ့ ၁၈ ကြောင့် သားအိမ်ခေါင်း ကင်ဆာကို ၇၀% ဖြစ်စေပါတယ်။
• လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးငါးယောက်မှာ လေးယောက်ဟာ ကူးစက်ခံရနိုင်ပါတယ်။
• ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ Virous ပိုးဝင်လာရင် ပြန်လည်တိုက်ထုတ်ဖို့ ကိုယ်ခံစွမ်းအားတည်ဆောက်လေ့ ရှိပါတယ်။
• အမျိုးအစားတွေက များလွန်းတော့ ခန္ဓာကိုယ်က မမှတ်မိတော့ဘဲ အချို့ကို ကာကွယ်နိုင်ပေ မယ့် နောက်ထပ်တစ်မျိုးဝင်လာရင် အခက်တွေ့ရ ပြန်ပါတယ်။
'အမျိုးသမီးတိုင်းဟာ HPV ပိုး ကူးစက်ခံရဖို့်အန္တရာယ်ရှိနေတယ်
• HPV ပိုးဟာ လိင်ဆက်ဆံခြင်း (သို့) လိင်အင်္ဂါအရေပြားချင်း ထိတွေ့ခြင်းကြောင့် အဓိက ကူးစက်ရခြင်းဖြစ်ပါတယ်။
• အမျိုးသမီးများဟာ ပထမအကြိမ် လိင်ဆက်ဆံခြင်းကစလို့ ဘ၀တစ်လျှောက်လုံး အကြိမ်ကြိမ် ကူးစက်ခံနိုင်ပါတယ်။
• ဒါကြောင့် အမျိုးသမီးတိုင်းဟာ သားအိမ်ခေါင်းကင်ဆာအကြောင်း သိထားသင့်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပါတယ်။
• အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါတယ်။
'သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်ကြမလဲ'
• လက်ရှိအချိန်အထိ အကောင်းဆုံးကာကွယ်နည်းကတော့ ပုံမှန်စမ်းသပ်စစ်ဆေးပြီး စောစီးစွာ ကုသမှုခံယူရန် ဖြစ်ပါတယ်။
• ပုံမှန်စစ်ဆေးခြင်းကြောင့် ရောဂါဖြစ်ပွားနှုန်း သိသိသာသာ လျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။
• ပုံမှန်အခြေအနေမှ မည်သည့်ပြောင်းလဲမှုမျိုးကိုမဆို
• ဒါကြောင့် သင်၏ဆရာဝန်နှင့် ပုံမှန်စမ်းသပ်စစ်ဆေးမှုခံယူပြီး
• ကင်ဆာရောဂါအကြောင်း သိလိုသည်များကို ဆရာဝန်အား ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် မေးမြန်းထားသင့်ပါတယ်။
'သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရန်မှာ အမျိုးသမီးတိုင်းအတွက်ပါ'
၁။ ဆရာဝန်နှင့် ပုံမှန်စမ်းသပ်စစ်ဆေးမှုခံယူပြီး
၂။ ကာကွယ်ဆေးထိုးပါ။
၃။ စောစီးစွာကုသမှုကို ခံယူပါ။
'သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆေးထိုးနည်းစနစ်'
၁။ (၀၊ ၁၊ ၆) လများ
• ပထမတစ်လုံး စထိုးရက်
• ဒုတိယတစ်လုံး စထိုးရက်မှ (၁) လအကြာ
• တတိယတစ်လုံး စထိုးရက်မှ (၆) လအကြာ
၂။ ကာကွယ်ဆေးထိုးရာ၌ လက်မောင်းတွင် အသားဆေး (intramuscularly) ထိုးနှံရပါမည်။
ကာကွယ်ဆေးသယ်ဆောင်ရာတွင် ရေခဲဘူး၊ ရေခဲချပ်များဖြင့် သယ်ဆောင်နိုင်ပါသည်။
' သားအိမ်ခေါင်းကြည့်မှန်ပြောင်း'
သားအိမ်ခေါင်းကို မှန်ပြောင်းကြည့်ခြင်းသည် သားအိမ်ခေါင်းအခြေအနေကို ကြည့်ရှုရန်အတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ သားအိမ်ခေါင်းကြည့်မှန်ပြောင်းတ
သားအိမ်ခေါင်းကြည့်မှန်ပြောင်ြး
သားအိမ်ခေါင်းကြည့် မှန်ပြောင်းကြည့်ခြင်းသည် နာကျင်မှုတစ်စုံတစ်ရာ မရှိပါ။ မှန်ပြောင်းသည် ခန္ဓာကိုယ်၏ မည်သည့်နေရာနှင့်မှ ထိတွေ့ခြင်းမရှိပါ။ သားအိမ်ခေါင်းကို ပိုမိုရှင်းလင်းစွာ မြင်စေရန်အတွက် ပြုလုပ်ပေးသော စပက်ကူလမ် (Speculum) ထည့်သွင်းချိန်တွင် အနည်းငယ် အနေရခက်ခြင်းမျိုးရှိနိုင်ပါသည်
အလွန်အမင်းသွေးထွက်ပါက ပုံမှန်မဟုတ်ပါ။ အသားစယူပြီး ၁ နာရီအတွင်းပတ် (Pad) တစ်ခု ရွှဲနစ်လောက်အောင် သွေးဆင်းပါက ဆရာဝန်ကို ချက်ချင်းပြရပါမည်။ သွေးဆင်းမှုပမာဏကို ဂရုပြုမိစေရန် အတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းဖြစ်စေ၊ ၄င်းနှင့်တူသောအရာများဖြစ်စေ စမ်းသပ်စစ်ဆေးပြီးနောက် ရက်အနည်းငယ်အတွင်း အသုံးမပြု သင့်ပါ။
စမ်းသပ်စစ်ဆေးနေချိန်အတွင်း အသားနာမည်ဟု မျှော်လင့်ထားသည့်အတွက် အစမ်းသပ်သပ်ခံ အမျိုးသမီးများသည် အသက်ရှူအောင့် ထားလေ့ ရှိကြပါသည်။ ဖြည်းဖြည်းနှင့်မှန်မှန် အသက်ရှူရန် အာရုံစိုက်နေခြင်းသည် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အနေအထားဖြစ်နေစေ ပြီး နာကျင်မှုရှိခဲ့လျှင် အနာသက်သာစေနိုင်ပါသည်။
သားအိမ်ခေါင်းကင်ဆာ ဖြစ်နေခြင်း သို့မဟုတ် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သောအနေအထား ရှိနေခြင်းတို့ကို သိရှိရန်အတွက် သားအိမ်ခေါင်းကြည့်မှန်ပြောင်းက
သားအိမ်ခေါင်းကြည့်မှန်ပြောင်ြး
' အသားစအဖြေသည် ပုံမှန်မဟုတ်ပါက -'
(၁) သားအိမ်ခေါင်းကင်ဆာ (Cancer of cervix)
(၂) ကင်ဆာဖြစ်နိုင်သော အသားစ (Cervical dysplasia)
(၃) မျိုးပွားအင်္ဂါ ကြွက်နို့ (Cervical warts) စသည်ဖြင့် ခွဲခြား သိရှိနိုင်ပါသည်။
အသားစယူပြီးသောအခါ -
(၁) သွေးဆင်းသည့် ပမာဏများပြီး သွေးဆင်းချိန် ၂ ပတ်ကျော်လျှင်သော်လည်းကောင်း
(၂) ၀မ်းဗိုက်ပိုင်း သို့မဟုတ် မျိုးပွားအင်္ဂါတစ်လျှောက်တွင် နာကျင်ကိုက်ခဲမှုရှိလျှင်သော် လည်းကောင်း
(၃) ပိုးဝင်ခြင်း လက္ခဏာ (ဖျားနာခြင်း သို့မဟုတ် မိန်းမကိုယ်မှ အနံ့နံသောအရည်၊ ချွဲကျိသော အရည်များ ဆင်းခြင်း) ရှိလျှင်သော်လည်းကောင်း ဆရာဝန်နှင့် ချက်ချင်းပြသရပါမည်။
' သားအိမ်ခေါင်းမှန်ပြောင်းကြည့်ရ
စမ်းသပ်မှုပြီးသောအခါ တစ်ပတ်ခန့်ကြာအောင် သွေးအနည်းငယ် ဆင်းနိုင်ပါသည်။ အမျိုးသမီးအင်္ဂါအတွင်းသို့ သန္ဓေတားဆေးဖျန်းခြင်း၊ အမျိုးသမီးအင်္ဂါ အတွင်း ထည့်ရသည့် လစဉ်သုံးပစ္စည်း အသုံးပြုခြင်း၊ အမျိုးသမီး အင်္ဂါအတွင်းသို့ အဆီအနှစ်များလိမ်းခြင်းနှင့် လိင်ဆက်ဆံခြင်းတို့ကို အသားစယူပြီးနောက် တစ်ပတ်ခန့်ကြာအောင် ရှောင်ကြဉ်ရပါမည်။ အချိန်မည်မျှကြာအောင် ရှောင်ရမည်ကို ဆရာဝန်နှင့် တိုင်ပင်မေးမြန်းရပါမည်။ အိမ်သာသုံးစက္ကူ အသုံးပြုခြင်းကိုမူ ပြုလုပ်နိုင်ပါသည်။
credit to: Health magazine
No comments:
Post a Comment