အခုနောက်ဆုံး သတင်းတွေအရ အနောက်အာဖရိကမှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၇ဝဝ ဝန်းကျင် ရှိလာနေပြီလို့ သိရတယ်။
ဆီယာရာလီယွန်နဲ့ လီဘာရီးယားနိုင်ငံကတော့ အသက်ဆုံးနိုင်စေ တဲ့ အီဘိုလာ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ဖြေ ရှင်း ဖို့ အရေးပေါ် အခြေအနေ ကြေညာလိုက်သလို လိုက်ဘေးရီးယားနိုင်ငံမှာလည်း ဗိုင်းရပ်စ်မပြန့်ပွားရေး အရေးပေါ် အစီအစဉ်တွေလုပ်နေ ပါတယ်။
အီသီယိုပီးယား နိုင်ငံကလည်း သူ့နိုင်ငံထဲ ဝင်လာသူအားလုံးကို ရောဂါစစ်ဆေးမှုတွေ လုပ်နေသလို သူ့ရဲ့ အိမ်နီးချင်း ကင်ညာနိုင်ငံ နယ်စပ်ဂိတ်တွေက ဝင်လာသူတွေကိုလည်း တင်းတင်းကြပ်ကြပ် စိစစ်မှုတွေ လုပ်နေတယ်လို့ ဘီဘီစီ သတင်း တပုဒ်ကလည်း ဆိုပါတယ်။
ပြင်သစ်နိုင်ငံကတော့ အနောက်အာဖရိကနိုင်ငံတွေဆီ ခရီးမသွားဖို့ သတိပေးတားမြစ်မှုတွေ လုပ်လာနေ တယ်။
Ebola Virus Disease -EVD ကူးစက်ခံရပြီး ၂ ရက်ကနေ ၃ ရက်အတွင်း ခေါင်းကိုက်တာ၊ အကြောတွေ နာတာ၊ အဖျား တက်တဲ့ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီး ဒီနောက်မှာ နှာစေးတာ၊ အော့အန်တာ၊ ဝမ်းလျှော တာမျိုး ဖြစ်လာတတ်တယ်လို့လည်း သိရပါတယ်။
အသည်းနဲ့ ကျောက်ကပ်တွေက သွေးယိုစီးတာတွေလည်းဖြစ်လာတတ်တယ
Credit - The Irrawaddy Blog
No comments:
Post a Comment