စာအုပ်စာပေလု့မိတ်ဆွေ

Monday, January 19, 2015

ကျန်းမာရေးအတွက် စားသင့်သော ဥကန်စွန်းပင်အရွက်

သွေးနီဥဇီဝဖြစ်ပျက်မှုကို ထိန်းသိမ်းရန်နှင့် အခြားသော ခန္ဓာ ကိုယ်လုပ်ဆောင်ချက်များစွာအတွက် လိုအပ်သည့် ရေတွင်ပျော် ၀င်နိုင်သော မရှိမဖြစ် ဗီတာမင်များစွာမှာ ဥကန်စွန်းပင်အရွက်များ ၌ ပါဝင်သည်။

ဥကန်စွန်းပင်၏ တစ်သျှူးပုံစံအမျိုးမျိုးကို လူဝီစီးယားနားပြည် နယ်တက္ကသိုလ်မှ သုတေသီများက လေ့လာခဲ့ကြပြီး ရင့်သော အရွက်များ၊ နုသောအရွက်များ၊ နုသော အဖူးအညွန့်များ၊ နွယ်များ နှင့် အမြစ်တစ်သျှူးများကို လေ့လာခဲ့ကြသည်။

အခြားသော တစ်သျှူးအမျိုးအစားများထက် အရွက်တစ်သျှူး တွင် ဗီတာမင် B6၊ ဗီတာမင် C နှင့် ဗီတာမင် B2 တို့ မြင့်မားစွာ ပါဝင်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

ဥကန်စွန်းပင်၏ အရွက်နုနှင့် အရိုးနုများတွင် ဗီတာမင် B6 ပမာဏ သိသာထင်ရှားစွာပါဝင်ကြောင်း သုတေသီများက ပြော သည်။

ဥကန်စွန်းပင်၏ အရွက်များတွင် ပါဝင်သော ဗီတာမင် B6 ပမာဏမှာ ဂေါ်ဖီပန်းစိမ်း၊ ထောပတ်သီး၊ မုန်လာဥနီ၊ ငှက်ပျောသီး နှင့် ဂေါ်ဖီပန်းတို့၌ပါဝင်သည့် ဗီတာမင် B6 ပမာဏနှင့် ကောင်း စွာယှဉ်နိုင်သည်ဟု သုတေသီများက ပြောသည်။

သိပ္ပံပညာတွင်Ipomoea batatas ဟု ခေါ်သော ဥကန်စွန်းပင် ၏ အရွက်၌ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အမျှင်ဓာတ်နှင့် ဖက်တီးအက်စစ်တို့လည်း ပါဝင်သည်။ ဥကန်စွန်း ပင်၏ အရွက်များတွင် ပါဝင်သည့် ဇီဝနိုးကြား ဒြပ်ပေါင်းများမှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အက်စစ်ဓာတ်လွန်ကဲသော ဖိအားများကို လျှော့ချပေးကာ ရေဒီယိုသတ္တိကြွမှုမှ ထိခိုက်ပျက်စီး ခြင်းကို ကင်းဝေးစေခြင်းဖြင့် ကျန်းမာရေးအတွက် အထူးကောင်းမွန် သည်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်သည့် အန္တရာယ် လျှော့ ချပေးပြီး ကင်ဆာဆဲလ်များ ကြီးထွားမှုကို နှိမ်နင်းပေးသည်။ ဥကန်စွန်းပင်၏ အရွက်များကို ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ကျွန်းများ၊ အာရှနှင့် အာဖရိကနိုင်ငံများတွင် အဓိကစားသုံးကြသည်။ အမေရိ ကန်နိုင်ငံတွင်လည်း လူနည်းစု စားသုံးကြသည်။

ဥကန်စွန်းပင်အရွက်ကို စားပေးခြင်းဖြင့် နှလုံးကို ကာကွယ်ပေး နိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးအထူးရှိကြောင်း လေ့လာမှုများ က ဖော်ပြသည်။ —Ref: TOI
7daydaily

No comments:

Post a Comment