စာအုပ်စာပေလု့မိတ်ဆွေ

Friday, August 15, 2014

Hydatidiform mole Treatment စပျစ်သီး-ကိုယ်ဝန်

1. ဆရာခင်ဗျာ molar pregnancy ဆိုတဲ့ အမျိုးသမီးရောဂါအကြောင်းကို ဗမာလိုရှင်းပြချက်လေးရချင်လို့ပါခင်ဗျာ။ ရောဂါဝေဒနာဖြစ်တဲ့ အမျိုးသမီးလေးက အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး သူ့အမျိုးသားနဲ့အတူ့ မှာ ရွှေပြောင်း အလုပ်သမား လင်မယားအဖြစ်နေထိုင်ခဲ့ပါတယ်။ သူတို့က ကျနော့်ကို ရောဂါအခြေအနေကို မြန်မာလို သိချင်နေကြလို့ ဆရာ့ဆီကို စာရေးမေးရခြင်းဖြစ်ပါတယ်ခင်ဗျာ။
2. H mole ဆိုရင် သားအိမ် ၂ ခါ ခြစ်ရတယ်ဆိုတာ ဆက်တိုက်ခြစ်ရတာလား ရက်ခြားပြီးမှခြစ်ရတာလား။ ကျမကတော့ ဘာဖြစ်တယ် ဆိုတာ အခုထိ မသိရသေးပါဘူး။ ဆရာ့စာထဲမှာ H mole ဆိုရင် နောက်ပိုင်းမှာ ကင်ဆာ Risk ရှိတယ်လို့တွေ့ရလို့သိချင်လို့ပါ။


• စပျစ်သီး-ကိုယ်ဝန် ဖြစ်ရင် Dilation and curettage (D and C) အထဲရှိတာ အားလုံးထွက်အောင် သားအိမ်ခြစ်ရမယ်။
• သိပ်ရှားရှားပါးပါး Hysterectomy သားအိမ် ထုတ်ရတယ်။
• အသားစကို ဓါတ်ခွဲစစ်တာ Histopathologic diagnosis (Biopsy) လုပ်မယ်။
• သားအိမ်ခြစ်ပြီးနောက် သွေးထဲက Human chorionic gonadotropin (HCG) အနည်း-အများ စစ်တယ်။ ကျန်နေသးတာ သိအောင်လို့ လုပ်တာပါ။ ၁ ပါတ် ၂ ခါစစ်ကြတယ်။ ၁ဝ ပါတ်နေရင် ပုံမှန်ဖြစ်နေတာ တွေ့မယ်။
• ပုံမှန်မဟုတ်တာ တွေ့လာရင် ဦးနှောက်၊ ရင်ပတ်၊ ဗိုက်၊ တင်ပါးဆုံနေရာတွေကို Computed Tomography (CT) ရိုက်စစ်မယ်။ အဆုပ်မှာ ရောဂါရှိ-မရှိသိအောင် Chest x-ray ရင်ပတ် ဓါတ်မှန်ရိုက်မယ်။
• လိုအပ်သူတွေကိုမှ Methotrexate နဲ့ Chemotherapy ဆေးပေးမယ်။ တချို့ကို Dactinomycin ဆေး စတာတွေပါ ပေးတယ်။
• စပျစ်သီး-ကိုယ်ဝန် ဖြစ်ထားသူတွေကို နောက်ထပ် ၁ နှစ်အတွင်း ကိုယ်ဝန်မဆောင်သေးဘို့ အကြံပေးတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ကြောင့် HCG levels မြင့်လာစေလို့ အရင်ရောဂါကို ဆန်းစစ်ရင် လွဲမှာစိုးရတယ်။ နောက်တခါ ထပ်ဖြစ်မှာလဲ စိုးရိမ်လို့ဖြစ်တယ်။
• နောင်အလားအလာ ကောင်းပါတယ် ၈ဝ% ဘာမှ မဖြစ်ပါ။ ၁% က ဒါမျိုး ပြန်ဖြစ်နိုင်တယ်။
• တခါ အဲလိုဖြစ်ဘူးပေမဲ့ နောက်ကိုယ်ဝန်တွေ ပုံမှန်ဖြစ်ပါတယ်။
• သားအိမ် ၂ ခါခြစ်ရတာကို အရင်က ပုံသေနည်းနဲ့ သတ်မှတ်ခဲ့တယ်။ ခုခေတ်လို ဓါတ်ခွဲတာ၊ စစ်ဆေးတာတွေ သိပ် မကောင်းသေးချိန်ကပါ။ ဒါတောင်မှ ခေတ်မီ-ခေတ်ပေါ်ဆိုတာ နေရာတကာက လက်လှမ်း မမီကြသေးပါ။ ဒီတော့ ကုသပေတဲ့ OG ကနေ အကောင်းဆုံး ဆုံးဖြတ်ပါမယ်။

Dr. တင့်ဆွေ

No comments:

Post a Comment