ကျန်းမာသောလူများတွင် သိုင်းရိုက်ဂလင်းသည် ခန္ဓာကိုယ်အတွက် အရေးကြီးသော သက်ရောက်မှုများပေးသည့် T4နှင့်T3 ဟော်မုန်းနှစ်မျိုးကို မှန်ကန်သောပမာဏ ပေးသည်။ ဒီဟော်မုန်းနှစ်မျိုးက ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်မှု ဖြစ်စဉ်တွေကို ထိန်းချုပ်ပေးပါသည်။ နှလုံးအပါအ၀င် အခြားကိုယ်တွင်းကလီစာတွေကိုလည်း
သိုင်းရိုက်ဟော်မုန်းက ခန္ဓာကိုယ်ရဲ့တစ်သျှူးတွေအပေါ် သက်ရောက်မှုလွန်ကဲလာသောအခါ သိုင်းရိုက်ဟော်မုန်းများခြင်းဟ
သိုင်းရိုက်ဟော်မုန်းများခြင်း
ရင်တုန်ခြင်း
အပူဒဏ်မခံနိုင်ခြင်း
စိုးရိမ်မှုလွန်ကဲခြင်း
အိပ်မပျော်ခြင်း
အသက်ရှူရခက်ခဲခြင်း
ဓမ္မတာနည်းခြင်းနှင့်ထိန်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း
မကြာခဏ၀မ်းသွားခြင်း
နှလုံးခုန်မြန်ခြင်း
လက်တုန်ခြင်း
ကိုယ်အလေးချိန်ကျခြင်း
ကြွက်သားအားနည်းခြင်း
အရေပြားပူ၍စွတ်စိုခြင်း
ဆံပင်ကျွတ်ခြင်း
မျက်လုံးပြူးခြင်း
အဖြစ်များသောကေ့စ်
သိုင်းရိုက်ဟော်မုန်းကို များစေသော အဓိကအချက်ကတော့ ဂရေ့ရောဂါ (Graves disease) ပဲဖြစ်ပါသည်။ ရောဂါကို ပထမဆုံးတွေ့ရှိသော အိုင်းရစ်လူမျိုး ဆရာဝန်ရဲ့ နာမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။ ဂရေ့ရောဂါကို သိုင်းရိုက်ဂလင်းကြီးခြင်း (လည်ပင်းကြီးခြင်း)ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ဂရေ့ရောဂါသည် autoimmune ရောဂါတစ်မျိုးဖြစ်ပါသည်။ လူနာရဲ့immune systemက ၄င်းရဲ့သိုင်းရိုက်ဂလင်းကို ခုခံသောကြောင့် ဖြစ်ပေါ်လာရပါသည်။ ဂရေ့ရောဂါတွင် ထင်ရှားတဲ့အပိုင်း၃ပိုင်း ရှိပါသည်။
1. သိုင်းရိုက်ဂလင်း သာမန်ထက် ပိုမိုအလုပ်လုပ်ခြင်း
2. မျက်လုံးနားတ၀ိုက်ရှိ တစ်သျှူးများ ယောင်ရမ်းခြင်း
3. ခြေထောက်မှာရှိသော အရေပြားများ ထူလာခြင်း တို့ဖြစ်ပါသည်။
ဂရေ့ရောဂါနဲ့ လူနာအများစုမှာတော့ သိသာထင်ရှားတဲ့ မျက်လုံးယောင်ခြင်းတွေ မပါဝင်ပါဘူး။ သူတို့မျက်လုံးတွေက အလိုမကျတဲ့ အသွင်ရှိနေတတ်ခြင်း သို့မဟုတ် တစုံတခုကို စူးစိုက်ကြည့်နေတဲ့ အသွင်ရှိတတ်ပါသည်။ ဂရေ့ရောဂါဖြစ်နေတဲ့ လူ၂၀တွင် တစ်ယောက်နှုန်းသာ ပိုမိုဆိုးဝါးတဲ့ မျက်စိပြဿနာကို ခံစားရပါသည်။ ၄င်းတို့မှာ မျက်လုံးများဖောင်းခြင်း၊ ပြင်းထန်စွာ ယောင်ယမ်းခြင်း၊ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း၊ အမြင်ေ၀၀ါးခြင်းတို့ ဖြစ်ပါသည်။ ဒီပြင်းထန်တဲ့ ပြဿနာတွေကို မသိရှိ၍ မကုသနိုင်ပါက မျက်စိကို ထိခိုက်နိုင်ပြီး မျက်လုံးကွယ်တဲ့အထိ ဖြစ်နိုင်ပါသည်။ သိုင်းရိုက်ဟော်မုန်းများခြင်းက
ဂရေ့ရောဂါ၏လက္ခဏာများ
ဂရေ့ရောဂါက အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပို၍အဖြစ်များပါသည်။ (ရာခိုင်နှုန်းကတော့ 8:1 ပါ။)
ဂရေ့ရောဂါတွင် သိုင်းရိုက်ဂလင်းသည် အလွန်အမင်း သို့မဟုတ် အနည်းငယ် ကြီးတတ်သောကြောင့် ၄င်းကို လည်ပင်းကြီးရောဂါလို့လည်း ခေါ်တတ်ကြပါသည်။
အသက် ၃၀ နှင့် ၄၀ ၀န်းကျင်တွင် ဂရေ့ရောဂါ ဖြစ်ပွားနှုန်း များတတ်ပြီး အသက်၅၀ကျော်လျှင်တော့ ဖြစ်ပွားနှုန်းနည်းပါသည်။
ဂရေ့ရောဂါက မျိုးရိုးလိုက်တတ်ပါသည်။
အဖြစ်နည်းသောကေ့စ်များ
-သိုင်းရိုက်ဂလင်းတွင် သေးငယ်သော အဖုအကြိတ်ထွက်ခြင်း
-သိုင်းရိုက်ဂလင်းယောင်ခြင်းကြေ
-ပုံစံမျိုးစုံနဲ့ ရနိုင်သော သိုင်းရိုက်ဟော်မုန်း ပါဝင်သည့်ဆေးများကို သောက်သုံးခြင်း
(ကျမက ဒုတိယနှစ်ကျောင်းသူ အဆင့်ပဲ ရှိသေးသည့်အတွက် တခုခုလွဲမှားခဲ့သော် ခွင့်လွှတ်ကြပါရန်။)
Posted by မေပျို
ရွှေအိမ်စည်စာကြည့်တိုက်
No comments:
Post a Comment