စာအုပ်စာပေလု့မိတ်ဆွေ

Wednesday, August 20, 2014

ဘယ်ဘက်ခေါင်းတခြမ်းမကြာမကြာကိုက်တတ်ခြင်း

ဘယ်ဘက်ခေါင်းတခြမ်းမကြာမကြာကိုက်တတ်တာကတော့ မိန်းကလေးတွေမှာအရမ်းအဖြစ်များတဲ့ Migraine ကြောင့်ဖြစ်တတ်ပါတယ်။ ခဏခဏဆံပင်ပေါင်းတာ၊ ဆေးဆိုးတာတွေက ကျန်းမာရေးအတွက်မကောင်းပါဘူး။ အဲဒါမျိုးတွေတော့ရှောင်သင့်ပါတယ်။ ခေါင်းလျှော်တာနဲ့တော့ မဆိုင်ပါဘူး။ ဓမ္မတာ မပြီးခင်ခေါင်းလျှော် ရင်ဘာမှ မဖြစ်ပါဘူး။


အများအားဖြင့်တော့ ဒီကလူတွေအယူအဆရှိတာက ဓမ္မတာလာနေချိန်မှာခေါင်းလျှော်ရင် ထိန်သွားတတ်တယ်လို့ထင်ကြပါတယ်။ အမှန်တော့ဘာမှမဆိုင်ပါဘူး။ ခေါင်းတခြမ်းကိုက်တဲ့ရောဂါ migraine ရဲ့အင်မတန်ရှားတဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ လေဖြတ်တာမျိုးဖြစ်တတ်ပါတယ်။ အဆီအဆိမ့်များတဲ့အစားအသောက်တွေ (ဥပမာ ချောကလက်၊ ချီစ်၊ အရက်၊ ၀ိုင်နီ) ကိုရှောင်ပါ။ ခေါင်းကိုက်တာလည်းသက်သာအောင်၊ လေဖြတ်နိုင်ချေလည်းလျော့ပါးသွားအောင် Aspirin ကိုသောက်သုံးနိုင်ပါတယ်။ Aspilet ဆိုတဲ့နာမည်နဲ့လာတတ်ပါတယ်။ အစာအိမ်ရောဂါရှိတယ်ဆိုရင် အစာအိမ်ဆေးတစ်မျိုးနဲ့တွဲဖက်သောက်သုံးသင့်ပါတယ်။ Omeprazole ပါတဲ့ဆေးရှိပါတယ်။

ရွှေအိမ်စည်စာကြည့်တိုက်

No comments:

Post a Comment