စာအုပ်စာပေလု့မိတ်ဆွေ

Wednesday, August 27, 2014

သင့်ကိုကောင်းမွန်စွာအိပ်ပျော်စေမယ့်အစားအစာများ

အိပ်မပျော်ခြင်းက ဆိုးကြိုးတွေကို ဖြစ်စေပါတယ်သင့်နေထိုင်မှုပုံစံတွေကလည်းသင့်အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ဥပမာ မအိပ်ခင် အစာအများကြီးစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာလုပ်ခြင်း ၊ ဆူညံတဲ့ပတ်ဝန်းကျင်၊ အနံ့အသက်များ ....တို့ဖြစ်ပါတယ်။
ကောင်းမွန်စွာအိပ်ပျော်စေနိုင်ဖို့ စားသုံးသင့်တဲ့အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။

မက်မွန်သီး
သင်စားသုံးလိုက်တဲ့ အစားအစာထဲက သကြားဓာတ်ပမာဏကို ထိန်းပေးနိုင်သလို အိပ်စက်ခြင်းအတွက် ကြွက်သားဖြေလျော့မှုကို အထောက်အကူပေးပါတယ်။

Green Tea
ကဖိန်းဓာတ်ကိုတော့ ညနေခင်းတွေမှာ လုံးဝမသောက်သင့်တော့ပါဘူး။ ဒါပေမယ့် ချွင်းချက်အနေနဲ့ Green tea ပူပူလေးတစ်ခွက်ကို အိပ်ရာမ၀င်ခင် သောက်သုံးပေးခြင်းက ကောင်းမွန်စွာ အိပ်ပျေိာစေမှာပါ။ သတိပြုရမှာက ကဖိန်းဓာတ်လုံးဝမပါတာဖြစ်ဖို့တော့လိုအပ်ပါတယ်။

မီဆိုဟင်းရည်
ဂျပန်အစားအသောက်တစ်မျိုးဖြစ်တဲ့ မီဆိုဟင်းရည်က သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အိပ်စက်ခြင်းကိုဖြစ်စေပါတယ်။

ငှက်ပျောသီး
အိပ်မပျော်လို့ လုံးဝစိတ်ညစ်နေရင် ငှက်ပျောသီးကို အိပ်ရာမ၀င်ခင် စားပေးပါ။ ပိုတက်ဆီယမ်နဲ့ မက်ဂနီဆီယမ် ကြွယ်ဝစွာပါဝင်လို့အိပ်စက်ချင်စိတ်ကို ကောင်းကောင်းဖြစ်စေပါတယ်။ ငှက်ပျောသီးကို နွားနို့၊ပဲနို့တို့နဲ့ရောမွေပြီး အအေးအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။

နို့ထွက်အစားအစာတွေ
ဒိန်ချဉ်၊ ဒိန်ခဲ၊ ချိစ် စတဲ့အစားအစာတွေက သင်ကောင်းစွာ အိပ်စက်ပျော်စေဖို့လုံးဝအထောက်အကူပြုပါတယ်။ မအိပ်ခင် ဒိန်ချဉ်လေးတစ်ခွက်သောက်ပေးခြင်းက အိပ်ပျော်စေရုံတင်မဟုတ်ပဲ စိတ်ဖိစီးမှုကိုပါလျော့ချပေးပါတယ်။

အုတ်ဂျုံ
အုတ်ဂျုံနဲ့ပြုလုပ်ထားတဲ့ မုန့်များ အစားအစာများကို သင့်မနက်စာအဖြစ် ရွေးချယ်သင့်ပါတယ်။ အဟာရကြွယ်ဝစွာပါဝင်လို့သင့်အိပ်စက်ခြင်းကို ဖြစ်စေပါတယ်။

နောက်ထပ် သင့်အိပ်စက်ခြင်းကို အားပေးတဲ့အစားအစာတွေကတော့.....
ကြက်အောင်ပြုတ်ထားတဲ့ ဥတွေ၊ ချယ်ရီသီးနဲ့ ကွေကာတို့ပဲဖြစ်ပါတယ်။

credit to original writer

No comments:

Post a Comment