စာအုပ်စာပေလု့မိတ်ဆွေ
Wednesday, November 19, 2014
ပျားရည် အစွမ်းအံမခန်း
၁ ။ Natures's Energy Booster
အရသာ ကောင်းလွန်းတယ်ဆိုတဲ့ အပြင်ပျားရည်ရဲ့ကောင်းကျိုးတွေအများကြီး ရှိပါသေးတယ် ။ သဘာဝ ကစီဓါတ် ပင်ရင်း ( Natural source of carbohydrate) ဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို ပေးစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့ အကူပစ္စည်း (Booster) အဖြစ်အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ် ။ သဘာဝ သကြားအချိုအရသာဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းောကာင့် ဖြစ်ပေါ်လာတဲ့ မောပန်းခြင်းတွေကို ကာကွယ်ပေးနိုင် ပါတယ် ။ ပျားရည်ထဲမှာပါတဲ့ ဂလူးကို့စ်ကို ခန္ဓာကိုယ်က လျှင်မြန်စွာ စုပ်ယူပြီး စွမ်းအင်ကိုတိုး တက်စေပါတယ် ။ အဲဒီအချိန်မှာ fructose ကိုတော့ ဖြေးညှင်းစွာ စုပ်ယူပြီ့း energy ကို ပုံမှန်ပဲပေးစေ ပါတယ် ။ သွေးတွင်း သကြားဓါတ်ကိုလည်း တခြားသကြားဓါတ် များနှင့်ယှဉ်လျှင်ထိမ်း ညှိပေးနိုင်ပါတယ် ။ ဒါကြောင့် ပျားရည်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုသိစေဖိုပအတွက်
ပျားရည်၏အစွမ်းထက်ပုံ
ပျားရည်ကို လူသားတို့ အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ အစားအသောက်အတွက်သာမက ဆေးဖက်လည်း ၀င်သောကြောင့် လူမျိုးတိုင်း ဘာသာတိုင်း နည်းပါး၏ သမိုင်းတွင် ပျားရည်၏ အခန်းကဏ္ဍကို တွေ့နိုင်ပါသည်။ ရှေးခောတ်ကတည်းက ပင် ပျားရည်ကို အနာကျက်ဆေး အနေဖြင့်လည်းကောင်း၊ ချောင်းဆိုးပျောက်ဆေးအနေဖြင့်လည်းကောင်း၊ အသားလှဆေးအနေဖြင့်လည်းကောင်း အသုံးပြုခဲ့ကြသည်။
ယခင်က မည်သည့်အတွက်ကြောင့် ဤမျှ အစွမ်းထက်သည်ကို မသိခဲ့ကြသော်လည်း ယခုအခါ သိပ္ပံပညာ၏ တိုးတက်မှုနှင့်အတူ သိခွင့်ရှိလာပြီ ဖြစ်သည်။ ပျားရည် အစွမ်းထက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အမြောက်အများ ပါဝင်သောကြောင့် ဖြစ်ပါသည်။
ပျားရည်ကပေးသောကျန်းမာရေးအာနိသင်များ
ပျားရည်တွင် လူသားတို့ကို အကျိုးပြုသည့် lactobacilli ဘက်တီးရီးယားများပါဝင်တဲ့အတွက် ၀မ်းပျက်ဝမ်းလျော ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ အချို့လည်း အူမကြီးကင်ဆာကို ကာကွယ်နိုင်သည်ဟု ပြောကြသည်။
ဆီးချိုသမားတို့အတွက်
ကုလားပဲ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ကုလားပဲကို စွယ်စုံရတဲ့ ဟင်းအမည်တစ်မျိုးလို့ ဆိုရမှာပါ။  ဟင်းချိုအဖြစ် ချက်သောက်လို့ ရသလို ကုလားပဲသုပ်၊ ကုလားပဲခြမ်းကြော် စသဖြင့်လည်း စားနိုင်ပါတယ်။ ကုလားပဲ စားတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
(၁) ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ်
ကုလားပဲမှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး Glycemic Index နည်းပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကုလားပဲဟင်း ခွက်တစ်ဝက်စာခန့် စားပေးရင် ကြာကြာ ဗိုက်ပြည့်စေပြီး အစာများများ မစားဖြစ်အောင် ထိန်းပေးပါတယ်။ ဒါကြောင့် ကယ်လိုရီ နည်းနည်းစားဖြစ်ကာ ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးနိုင်ပါတယ်။
(၂) သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်
ပဲနီလေး၏ ကျန်းမာရေးစွမ်းပကား
ပဲနီလေးဟာ ပရိုတင်းဓာတ်နဲ့ ပေါင်းစပ် ကာဗိုဟိုက်ဒရိတ်တို့ ရောထားတဲ့ အပြစ်ကင်းစင်တဲ့ အစားအသောက် ဖြစ်ပါတယ်။  ပဲနီလေးက မြန်မြန် ကျက်လွယ်တာကြောင့် ဟင်းချို၊ စွပ်ပြုတ်နဲ့ အသုပ်အဖြစ် ပြုလုပ် စားသုံးနိုင်ပါတယ်။
ပဲနီလေးရဲ့ ကျန်းမာရေး အာနိသင်ကတော့ ပျော်ဝင်တဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းပေး နိုင်ပါတယ်။ ပဲနီလေး ချက်ပြီးသား တစ်ခွက်စာ ပမာဏမှာ အမျှင်ဓာတ် ၁၆ ဂရမ် ပါဝင်ပါတယ်။
ပဲနီလေးမှာ ပါဝင်တဲ့ ပျော်ဝင်အမျှင်ဓာတ်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ပမာဏကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ပဲနီလေးမှာ ပရိုတင်းဓာတ်များစွာ ပါဝင်တာကြောင့် ဗိုက်ပြည့်စေကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ပဲနီလေးချက်ပြီးသား တစ်ခွက်စာမှာ ပရိုတင်းဓာတ် ၁၈ ဂရမ် ပါဝင်နေပါတယ်။
ပဲသီး (ခေါ်) ပဲတောင့်ရှည်ရဲ့ ကျမ္မာရေးအကျိုးကျေးဇူးများ
ပဲသီး သည် ရာသီစာ ဟင်းသီးဟင်းရွက် မဟုတ်ပါ။ တစ်နှစ်ပတ်လုံး ရရှိနိုင်သော အစိမ်းရောင် ဟင်းသီး ဟင်းရွက် တစ်မျိုးဖြစ်ပါသည်။ ပဲသီး သည် မျိုးစိပ်ပေါ်မူတည်ကာ ၁၂-လက္မ မှ ၃၀-လက္မအထိ ရှည်တတ် ပါသည်။ အရှည် ၁၂-လက္မ မှ ၁၈-လက္မ သည် စားသုံးရန်သင့်တော်သော အရွယ်အစားဖြစ်ပါသည်။ အသီးတောင့် ၏ အရင်းပိုင်းသည် အစိမ်းနုရောင်ရှိပြီး၊အဖျားပိုင်းသည် အစိမ်းရင့်ရောင်ဖြစ်ပါသည်။တစ်ခါ တစ်ရံ အနီရောင်ပဲသီး များကို တွေ့ မြင်ရတတ်ပါသည်။ ပဲသီးပင် သည် နွယ်တက်၍ပေါက်သော အပင် အမျိုးအစားဖြစ်ပါသည်။
၎င်းတို့  သည် မိမိကိုယ်တိုင် ၀တ်မှုန်ကူးသော အပင်မျိုးဖြစ်ပါသည်။ တစ်ခါတစ် ရံ တွင် ပျား၊ ပိတုန်း၊ လိပ်ပြာ စသည့် အင်းဆက် ပိုးမွှား တိုေ့ကြာင့်လဲ ၀တ်မှုန်ကူးပြောင်း တတ်ကြပါ သည်။ အပင်ဖြစ်ထွန်းပြီးနောက် ရက် ၆၀ အတွင်းမှာ အသီး စတင်သီးပါသည်။ ပင်စည်မှ အစုံလိုက်/ အတွဲလိုက် အသီးသီးခြင်းပါသည်။
ကျန်းမာရေးအတွက် ပဲပင်ပေါက်
ပဲရဲ့ ကျန်းမာရေးအကျိုးကျေးဇူးဟာ အညှောက်ပေါက်သွားတဲ့အခါမှာ အမြင့်ဆုံးဖြစ်သွားပါတယ်။ ပဲပင်ပေါက်မှာ အင်ဇိုင်းတွေ၊ ပရိုတင်းဓာတ်တွေ ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာ အမိုင်နိုအက်စစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်(အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေ)၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ မဂ္ဂနီဆီယမ် တို့ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာ ကြေညက်လွယ်တဲပ အာဟာရဓာတ် အများအပြား ပါဝင်တာကြောင့် ပဲပင်ပေါက်ရဲ့ အကျိုးကျေးဇူးကို သိနိုင်အောင် လေ့လာသူတွေက လေ့လာ ဖော်ပြထားပါတယ်။
Tuesday, November 18, 2014
ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး
(၁)  ကိုယ်ခံစွမ်းအားနစ်ကို ကောင်းမွန်စေပါတယ်
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။
(၂) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
ပိန္နဲသီးနဲ့.ကျန်းမာရေးအကျိုးကျေးဇူး
ပိန္နဲသီးထဲမှာ potassium ပါဝင်မှူကြောင့် body blood pressure ကို ကောင်းကောင်းထိန်းပေးထားပါတယ်
ရုတ်တရက် သွေးအား တက်ချင်းကျချင်း ကောင်းကောင်း ထိန်းပေးထားနိုင်ပါတယ်...
ပိန္နဲသီးအမြစ်မှ ထုတ်ထားတဲ့ အဆီဟာ ၀မ်းလျှောဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေပါတယ်...
ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ်ရောဂါကိုလည်းပျောက်ကင်းစေနိုင်ပါတယ်...
ပိန္နဲသီးထဲမှာပါဝင်တဲ့ isoflavones,antioxidants,and phytonutrients ဓါတ်တွေဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိတွေရှိပါတယ်..
ပိန်းဥ နှင့် ပိန်းရိုး အကြောင်းသိကောင်းစရာ။
ပိန်းရိုးထဲတွင် ဗိုက်တာမင် A၊ ဗိုက်တာမင် C ၊ အမျှင်ဓာတ်နှင့် ပရိုတင်းပမာဏတို့  မြင့်မားစွာပါရှိကြသလို၊ ပိန်းဥထဲတွင် ပိုတက် စီယမ်၊ ကယ်လ်စီယမ်၊ ဗိုက်တာမင် C ၊ ဗိုက်တာမင် E ၊ ဗိုက်တာမင် B၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ ဗိုက်တာမင် A နှင့် ပရိုတင်း ဓာတ်တို့ ပါရှိပါသည်။ ပိန်းဥတွင်ပါရှိသော အမျှင်ဓာတ်သည် အားလူးထက် ၃-ဆ ပို သဖြင့်ဗိုက်ပြည့်စေပါသည်။ ကယ်လိုရီနဲ သော အမျှင်ဓာတ်များပေါကြွယ်ဝခြင်းကြောင့်လဲ၊ ခန္ဓာကိုယ် အလေးချိန်ထိန်း လိုသူများသည် ပိန်းဥကို မှန်မှန်စား ပေးသင့်ပါ သည်။ ပိန်းဥ ၏ ထူးခြားချက်မှာ ၄င်းကိုအပူပေးချက်ပြုတ်ပြီး သောအခါ၊ ပါရှိသော Vitamin E သည် တခြားအသီးအနှံ များနှင့် မတူ တမူထူးခြားစွာ မြင့်မားစွာကျန်ရှိနေပါသည်။
Tuesday, November 11, 2014
*** ခပ်စိမ်းစိမ်း ဘဲစားပါ့မယ်…ဘရိုကိုလီကိုကွယ် ***
ဘရိုကိုလီဟု ကြားလိုက်သည်နှင့်တပြိုင်နက် ကျန်မာရေးအတွက်ဆေးဘက်ဝင်တဲ့
အစိမ်းရောင်ပန်းဂေါ်ဖီဆိုတာကို လူတိုင်းသိနှင့် နေပြီးသားဖြစ်ကြမှာပါ။
ဂေါ်ဖီမျိုးနွယ်ဝင်ဖြစ်တဲ့ ဘရိုကိုလီတို့ ဟာ အခြားသော ဂေါ်ဖီထုပ်၊
ပန်းဂေါ်ဖီ(အဖြူ)တို့ ထက် ပိုနူးညံ့ပြီး၊ အတန်ငယ်သက်ကာ
အရသာလဲပိုကောင်းတာမို့ Super vegetable လို့ ဆိုကြပါတယ်။ WHFoods ရဲ့ 
ဓာတ်ခွဲစမ်းသပ်ချက်များ အရ၊ ၁၀၀ ဂရမ် အလေးချိန်ရှိသော
ပန်းဂေါ်ဖီစိမ်းထဲတွင် ခွန်အား ၃၄ ကယ်လိုရီ၊ ကစီဓာတ် ၆.၆၄ ဂရမ်၊ သဘာဝသကြား
၁.၇ ဂရမ်၊ ပရိုတင်း ၂.၈၂ ဂရမ်၊ ရေဓာတ် ၈၉.၃၀ ရမ် တို့ အပြင်၊ လူသားတို
့ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင် နှင့် သတတ္တုဓာတ်တို့ 
ကြွယ်ဝစွာရှိကြတယ်လို့ လေ့လာမှတ်သားရပါတယ်။ Johns Hopkins University ရဲ
့သုတေသနပြုချက်များ အရ ဘရိုကိုလီဟာ ကင်ဆာအကြိတ်အဖုတွေကြီးထွားလာမှုကို ၇၅%
လောက် ကာကွယ်တားဆီးပေးနိုင်တာကြောင့်၊ အထူးသဖြင့် အူမကြီးကင်ဆာ၊
ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ နှင့်
အမျိုးသားများဆီးကျိတ်ကင်ဆာတို့ ကို ထိထိရောက် ရောက်ကာကွယ်ပေးနိုင်တယ်လို
့ဆိုပါတယ်။ ဒါတင်မကသေးပါဘူး ဘရိုကိုလီမှာ ချေဖျက်လွယ်သောအမျှင်ဓာတ် ၂.၆
ဂရမ် ပါရှိ တာကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ
အားထားလောက်တဲ့ ဟင်းသီးဟင်းရွက်ကလေးပါဘဲ။ နောက်ပြီး အရွယ်တင်
နုပျိုစေတယ်တဲ့နော်။
ပန်းဂေါ်ဖီစိမ်း၏ ကောင်းကျိုးအာနိသင်များ
Broccoli လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းဟာ အစိမ်းရင့်ရောင်အဆင်းရှိတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပြီး သူ့ရဲ့ မူလပေါက်ရောက်ရာ ဒေသကတော့ အီတလီနိုင်ငံကပဲ ဖြစ်ပါတယ်။ Broccoli ဆိုသော အမည်မှာ အီတာလျံဘာသာစကားဖြစ်တဲ့ Broccolo မှ ဆင်းသက်လာပြီး Branch အကိုင်းအခက် အတက်အလက်လို့ အဓိပ္ပါယ် ရပါတယ်။ Broccoli ခေါ် ပန်းဂေါ်ဖီစိမ်းကို ၁၇ ရာစု၊ ၁၈ ရာစုလောက်ကတည်းက စိုက်ပျိုးခဲ့ကြပါတယ်။
ဇီးဖြူသီး ကပေးသော ကျန်းမာရေးရဲ့အာနိသင်
ဆီးဖြူသီးကို gooseberry လို့ အင်္ဂလိပ်လို့ ခေါ်ပြီး ဆီးဖြူသီး အမျိုးပေါင်းများစွာ ရှိပါတယ်။ ပုံမှန်တွေ့နေကြ ဝယ်ယူစားသုံးနေကြ ဆီးဖြူသီးက Alma လို့ခေါ်တဲ့ Indian Go oseberry  အမျိုးအစား ဖြစ်ပါတယ်။ ဆီးဖြူပင်ကို သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။ ဆီးဖြူသီးပင်ရဲ့ အသီး၊ အခေါက်၊ အပွင့်၊ အမြစ် အားလုံး သူ့နေရာနှင့်သူ ဆေးဘက်ဝင်ပါတယ်။ ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။ အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။ ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ဗက်တီးရီးယားနဲ့အဏုဇီဝပိုးမွှားတွေကိုလည်းဖယ်ရှားပေးပါတယ်။
Tuesday, November 4, 2014
ပန်းသီး၏ ကျန်းမာရေး စွမ်းပကား
ပန်းသီး ရဲ့ ကျန်းမာရေး အစွမ်းထက်ပုံ တွေကို လေ့လာထားတဲ့ အထဲကနေ ထုတ်နုတ်ပြီး သူငယ်ချင်းတွေအားလုံး သိရှိ စေရအောင်လို့ ဒီနေ့ ပိုပို တင်ပြပေးလိုက် ပါတယ်။ပန်းသီး ရဲ့ထူးခြားတဲ့ အာနိသင်တွေ မှာ
(၁) အရိုးများကို ခိုင်မာစေပြီး အရိုးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။
(၂) ပန်းနာရင်ကျပ် ရောဂါများကို သက်သာစေပြီး ဖြစ်ပွားမှုနှုန်းကို လျော့ကျ စေခြင်း။
(၃) အဆုတ်၊ ရင်သား၊ အူမကြီး၊ အသည်းတို့တွင် ဖြစ်ပွားနိုင်သော ကင်ဆာ ရောဂါကို တားဆီး
ကာကွယ် ပေးခြင်း။
(၄) မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အသက်ကြီးရင့်ချိန် အတိတ်မေ့ခြင်းစသည့် ဇရာ ရောဂါများ ဆောလျင်စွာ ဖြစ်ပွားခြင်းမှ ကာကွယ် တားဆီးပေးခြင်း။
(၅) ကိုလက်စထရောဓာတ်ကို လျော့ကျစေခြင်း။
ပန်းသီးစားသုံးခြင်းဖြင့်ရရှိ သောကောင်းကျိုး၁၀ချက်
တစ်နေ့ ပန်းသီး တစ်လုံးစားလျှင် ဆရာဝန်ပင်မလိုဟုအနောက်တိုင်း ဆိုရိုးရှိသည်။ သို့ရာတွင် ပန်းသီးမှရရှိသော ကောင်းကျိုးများကိုမူ တိကျ စွာမပြောနိုင်ပေ။ အောက်ဖြော်ပပါအချက်များသည် ပန်း သီး စားသုးံ ခြင်း၏ဆိုရိုးကို ထောက်ခံသောရလဒ်များပင်ဖြစ်သည်။  
၁။ အရိုးကိုကာကွယ်ခြင်း။
Flavanoid ဒြပ်ပေါင်းသည် သွေးဆုံးပြီး အမျိုးသမီးများ၏အရိုး သိပ်သည်းဆကို မြင့်မားစေသည်ဟု ပြင်သစ်သုတေသီများက ဆိုသည်။ အဆိုပါ ဒြပ်ပေါင်းသည် ပန်းသီး၌သာပါရှိသည်။ ထို့အပြင် ပန်းသီးတွင် ပါသည့် Boronဒြပ်ပေါင်းသည်လည်း အရိုးများကို ခိုင်မာစေသည်။
ပန်းသီး၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ
ကောင်းကျိုးများ   
ပန်းသီးတွင် ပါဝင်သော Quercetin  ဓာတ်သည် စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခု ဖြစ်ပြီး ဦးနှောက်ဆဲလ်များအိုမင်းခြင်းကို ကာကွယ်ပေးသည်။ ပန်းသီးတွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သောကြောင့် ၀မ်းမှန်မှန်သွားစေပြီး အူမကြီးကင်ဆာရောဂါကို ကာကွယ်ပေးသည်။ ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ်များကြောင့် အစာချေဖျက်ချိန် ကြာမြင့်စေပြီး သွေးတွင်းသို့ အချိုဓာတ်ဝင်ရောက်မှုနှေးကွေးစေသည်။ ထို့ကြောင့် ဆီးချိုရောဂါရှိသူများအတွက် သင့်တော်သည့် အစာဖြစ်သည်။ ပန်းသီးကို ကိုက်သည့်၊ ၀ါး သည့်အခါ သွားဖုံးကို လှုံ့ဆော်ပေးပြီး ပန်းသီး၏အချိုဓာတ်ကြောင့် သွားရည်ထွက်ရှိမှုများစေသည်။ထို့ကြောင့် သွားပိုးပမာဏကို လျော့ချပေးပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးသည်။ ကယ်လိုရီပါဝင်မှုနည်းပါးပြီး Pectin ဓာတ်များပါဝင်သောကြောင့် ဆိုးကျိုးပေးသည့် LDL  ကိုလက်စထရောကို လျော့ကျစေကာ သွေးတွင်းအဆီ ဓာတ်ပုံမှန်ဖြစ်စေရန် ထိန်းပေးသည်။
ပန်းသီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူး
၁။ နှလုံးနှင့် ဆက်စပ်ရောဂါ လျော့ချပေးခြင်း။
၂။ အူလမ်းကြောင်း ရှင်းလင်းပေးခြင်းနှင့် အစာခြေဖျက် အား ကောင်းမွန်စေခြင်း။
၃။ အဆီပိုများ ဖယ်ရှားပေးခြင်း။ (ဝိတ်ကျလိုသူများ သောက်သုံးသင့်ခြင်း)
၎။ ကောင်းမွန်သော အာဟာရဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ခြင်း။
၅။ ဦးနှောက်နှင့် ဆက်စပ်ရောဂါ ဖြစ်နိုင်ချေ ကျဆင်းခြင်း။
၆။ အမြင်အာရုံကောင်းစေ၍ ကျန်းမာစေခြင်း။ ပန်းသီးတွင် ဗီတာမင် အေ ပါရှိပြီး မျက်လုံးကျန်းမာရေး အတွက် အထောက်အကူ ပြုသည်။ မျက်လုံးနှင့် ဆက်စပ် ရောဂါပိုးများကို ဖယ်ရှားပြီး အမြင်အာရုံ ကောင်းမွန်စေသည်။
Ref>> medic-facts
credit to >>International news for myanmar
နာနတ်သီး နှင့် ကျန်းမာရေး
ရင်ကိုအေးမြစေသော နာနတ်သီးသည် ကိုလက်စထရော ပါဝင်မှုနဲပါးပြီး၊ လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်တို့  စုဝေးရာအရင်းအမြစ်လည်းဖြစ်ပါသည်
၁၀၀-ဂရမ် ရှိသော လတ်လတ်ဆတ်ဆတ် နာနတ်သီး ၁-ခွက်ထဲ တွင် ကယ်လိုရီ (၅၀-မီလီဂရမ်)၊ ကယ်လ်စီယမ် (၁၃-မီလီဂရမ်)၊ ပိုတက်စီယမ် (၁၁၀-မီလီဂရမ်)၊ သံဓာတ် (၀.၂၉ မီလီဂရမ်)၊ ဖော့စဖရက် (၁၀-မီလီဂရမ်)၊ ဇင့် (၀.၂၂ မီလီဂရမ်)၊ ကစီဓာတ် (၁၃.၂ ဂရမ်)၊ ပရိုတင်း (၀.၅၄ ဂရမ်)၊ အဆီ (၀.၁၂ ဂရမ်)၊ ဗိုက်တာမင်စီ (၃၇.၂၀ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-1 (၀.၀၇၉ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-2 (၀.၀၇၉ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-3 (၀.၄၉၅ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-5 (၀.၂၀၅ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-6 (၀.၁၁၁ မီလီဂရမ်)၊ ဗိုက်တာမင်အီး (၀.၆၂ မီလီဂရမ်)၊ သကြား (၉.၅ ဂရမ်) နှင့် ချေဖျက်လွယ်သော အမျှင် (၁.၄ ဂရမ်) တို့ အသီးသီးပါရှိပါသည်။
နာနတ်သီးကပေးတဲ့ကျန်းမာရေးနှင့်အလှအပ
နာနတ်သီးဟာ စားသုံးလို့ ကောင်းမွန်တဲ့ သစ်သီးအပြင် အလှအပအတွက်လည်း ပျိုမေတို့ကို အကျိုးဖြစ်ထွန်းစေပါတယ်။
နာနတ်သီးမှာ ဗီတာမင်ဓာတ်များစွာ ပါဝင်ပြီး သတ္တုဓာတ်အများအပြားပါဝင်တဲ့ သစ်သီး တစ်မျိုးဖြစ်ပါတယ်။ နွေရာသီမှာ ရင်အေး စေတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး တခြားသော ကျန်းမာရေးလာဘ်လာဘများကို ပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။
ကယ်လဆီယမ်၊ ပိုတက်စီယမ်၊ အမျှင်နဲ့ ဗီတာမင်စီဓာတ်တို့ ပေါကြွယ်ဝပါတယ်။ အဆိုပါ နာနတ်သီးကို အမျိုးမျိုးအဖုံဖုံ သုံးဆောင်နိုင်ပါတယ်။ နာနတ်သီးရဲ့ အကျိုးကျေးဇူး တစ်ခုကတော့ အရိုးတွေကို သန်စွမ်းတောင့်တင်းစေပါတယ်။ နာနတ်သီးမှာ မက်ဂနီယမ်ဓာတ်တွေ ပေါများစွာ ပါဝင်ပြီး အရိုးတွေနဲ့ အကြောမျှင်များကို ကောင်းစွာ အကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။
Monday, November 3, 2014
ပျိုမေတို့  အသားအရည်ကျန်းမာလှပရေး နှင့် နာနတ်သီး
နာနတ်သီး က လူသားတို့ ကျန်းမာရေးကိုအထောက်အကူပြုပေးနိုင်ရုံသာမက၊ ပျိုမေတို့  အသားအရည်ကျန်းမာလှပရေးအတွက်ပါ အောက်ပါ နည်းလမ်း (၂)သွယ် တို့ ဖြင့် ကောင်းကျိုးပြုပေးနိုင်ပါသည်။