စာအုပ်စာပေလု့မိတ်ဆွေ

Wednesday, August 27, 2014

ခရမ်းသီးရဲ့ ကျန်းမာရေးအကျိုးပြုပုံလေးတွေ

လူတချို့က ခရမ်းသီးရဲ့ကျန်းမာရေးအထောက်အပံ့လေးတွေကို သတိမပြုမိကြပါဘူး။ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်၊ ကယ်လ်စီယမ်နဲ့ တခြားအဟာရဓာတ်များစွာကို ခရမ်းသီးစားသုံးခြင်းဖြင့်ရရှိနိုင်ပါတယ်။ ခရမ်းသီးကို အမျိုးမျိုးအဖုံဖုံ စုံလင်စွာ ချက်ပြုတ်စားသောက်နိုင်ပါတယ်။ မီးဖုတ်ခြင်း၊ ပြုတ်ခြင်း၊ ကြော်လှော်သုပ် စသည်ဖြင့် အမျိုးစုံ ပြုလုပ်စားသုံးန်ုင်ပါတယ်။

ခရမ်းသီးဟာ ဦးနှောက် နဲ့ ကိုယ်တွင်းသွေးလည်ပတ်မှုကောင်းစေပါတယ်။ ခရမ်းသီးရဲ့ အကျိုးပြု ဗီတာမင်ဓာတ်အတော်များများဟာ ခရမ်းသီးရဲ့အခွံမှာပါဝင်တာမို့ အခွံခွာ၍စားသုံးခြင်းကို ရှောင်ကျဉ်ရပါမယ်။

ခရမ်းသီးဟာ အစာချေစနစ်ကို ကောင်းမွန်စွာ ပြုလုပ်ပေးပြီး အူမကြီးကင်ဆာကို ကာကွယ်ပေးပါတယ်။

အဆီဓာတ်လုံးဝမပါဝင်တာကြောင့် ခရမ်းသီးကိုစားသုံးခြင်းဖြင့် ဗိုက်ပြည့်စေပြီး ကယ်လိုရီကိုလျော့ကျစေပါတယ်။

ခရမ်းသီးမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။သွေးတိုးရောဂါခံစားရတဲ့သူတွေ နဲ့ စိတ်ဖိစီးမှုများတဲ့သူတွေအနေနဲ့လည်း ခရမ်းသီးကို စားသုံးပေးသင့်ပါတယ်။
ခရမ်းသီးမှာပါဝင်တဲ့ ဗီတာမင် Kဓာတ်က သွေးခဲပစ်ခြင်းကို တားဆီးပေးပြီးအသားအရည်ကို စိုပြေနူးညံ့စေပါတယ်။

credit to original writer

No comments:

Post a Comment