စာအုပ်စာပေလု့မိတ်ဆွေ

Thursday, August 21, 2014

နုပျိုလိုသူတိုင်း ရှောင်သင့်သော အစားအသောက် သုံးမျိုး

နှစ်အတော်ကြာ မတွေ့ဖြစ်တဲ့ သူငယ်ချင်း တွေနဲ့ ပြန်ဆုံတဲ့ အခါ " အရင်အတိုင်း နုတယ်နော် " လို့ အပြောခံချင် ပါသလား။ ဒီလို နုပျိုတယ် ဆိုရင် နေ့စဉ် သင်စားတဲ့ အစားအသောက် တွေကို ဆန်းစစ်ကြည့်ပါ။ သင်စားတဲ့ အစားအသောက်တွေမှာ ပါတဲ့ အာဟာရ ဓာတ်တွေက သင့်အသားအရေကို ကြည့်ကောင်း စေသလို သင်စားတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ရင် သင့်အသားရေ ကို အိုမင်းစေ ပါတယ်။ သင့်အသားအရေ အတွက် အဓိက ရှောင်ရှား သင့်တဲ့ အစားအသောက်တွေကို ဖော်ပြလိုက် ပါတယ်။


(၁) သကြား

သကြားနဲ့ အခွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ် စာတွေက သွေးတွင်းဂလူးကို့စ်အဆင့်ကို မြင့်တက် စေပါတယ်။ အဲဒီအခါ အသားအရေ တင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ အသားအရေ ဆွဲဆန့်မှုကောင်းစေ တဲ့ အီလက်စတင်တို့ကို ပြန်လည်ပြုပြင်နိုင်စွမ်း လျော့ကျသွားပါတော့တယ်။ ဒါကြောင့် သကြားများ များစားရင် အရေပြားလျော့တွဲအိုမင်းလွယ်စေတာ ဖြစ်ပါတယ်။

(၂) ပြည့်ဝဆီ

ပြည့်ဝဆီတွေကို များများစားတာကြောင့် အရေ ပြားကို ရောင်ရမ်းစေပြီး အိုမင်းလွယ်စေပါတယ်။ အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပြီး အဆီထုတ်ထားတဲ့ အမျိုးအစားကို ရွေးချယ်သောက် သုံးသင့်ပါတယ်။

(၃) အယ်လ်ကိုဟော

ရက်စ်ဗာရထရောဓာတ် ပါတဲ့ ဝိုင်နီက လွဲရင် တခြားအယ်လ်ကိုဟော တွေက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက အသား အရေကို ခြောက်သွေ့စေပြီး အရေပြားရဲ့ ရန်သူဖြစ် တဲ့ ဖရီးရယ်ဒီကယ် ထွက်ရှိစေပါတယ်။ ဒါကြောင့် အသားအရေ ပျက်စီးစေပါတယ်၊။

Credit- ဇွန်

No comments:

Post a Comment