စာအုပ်စာပေလု့မိတ်ဆွေ

Wednesday, August 13, 2014

" ကြောက်စရာ ဒညင်းသီး ... "

၂၀ ကျော် လူငယ်လေးတစ်ဦး ... ညည မီးပုံးပျံ စုပေါင်းလုပ်ကြ ၊ စားကြသောက်ကြရင်း ...
ကြိုက်ကြိုက်နဲ့ ဒညင်းသီး အလုံး ၂၀ - ၃၀ စားမိပါတယ် ။
ဒညင်းသီးမှာပါတဲ့ ... "ဂျင်ကိုလစ် အက်ဆစ် " က ကျောက်ကပ်ကို ပျက်စီးစေပါတယ် ... လူငယ်လေး ကျောက်ကပ်ပျက်တော့ ... မိဘတွေ က အိမ်ရောင်းပြီး - သိန်း ၅၀၀ လောက် အကုန်ခံကာ အိန္ဒိယ မှာ ကျောက်ကပ်လဲပေးခဲ့တယ် ...။



ဒါတောင် ဗုဒ္ဒဂါယာကို ဘုရားဖူးသွားချင်တဲ့ ... ဘုန်းကြီး တစ်ပါးက ကျောက်ကပ် လှူပေးလို့ ... ကျောက်ကပ် ဖိုး မပေးရလို့ ... ။
ကျောက်ကပ်လဲ ပြီး နောက် ... တစ်လ ၅ သိန်းဖိုး လစဉ် ဆေးဝယ်သောက်ရပါတယ် ... ၅ နှစ်လောက်ကြာတော့ လူငယ်လေး ဆုံးသွားပါတယ် ...။
မိဘတွေကတော့ ... အိမ်ပျောက်ပြီး ၊ အိမ်ငှါးဘ၀နဲ့ အကြွေးတွေပိပြီး ကျန်ခဲ့ရှာပါတယ် ... ။ တစ်ကယ့် အဖြစ်အပျက်လေးပါ ... ။
များများစား များများထိ ... နဲနဲစား နဲနဲထိ တာမို့ ...
မိမိ ကျန်းမာရေး အတွက် ... မစားကြရင်တော့ အကောင်းဆုံး ပါဘဲ ...။
ကျမ လည်း အလွန်ကြိုက်ပါတယ် ... ။
ခုတော့ မစားတော့ ပါဘူး ...။
အသက်ကို ဥာဏ်စောင့်တာမို့ ... နဲနဲ အသက်ပိုရှည်လည်း နဲနဲပေါ့ရှင် ...။

Nang Thwe

No comments:

Post a Comment