စာအုပ်စာပေလု့မိတ်ဆွေ

Friday, August 22, 2014

ကန်စွန်းရွက်

မန်မာ့ဆေးကျမ်းတစ်စောင်ဖြစ်တဲ့ ဥတုဘောဇနသင်္ဂဟဆေးကျမ်းတွင် ကန်စွန်းရွက်က ချိုတယ်၊ နို့ရည်၊သုတ်တို့ ကို ပွားများစေတယ်၊ သည်းခြေနဲ့ဆိုင်သောဝေဒနာတို့ကို ပြေပျောက်စေတယ်၊ သွေး ကင်း၊လေကင်း၊အဖျားကင်း၊အပုပ် ကင်း စတဲ့ဝေဒနာတို့ကိုလည်း ပျေက်စေနိုင်တယ်။ ကန်စွန်းရွက်ကို သန့်စင်အောင်ဆေးကြောပြီး ကန်စွန်းရွက်ကြိတ် ညှစ်ရည်ကို လူနို့နဲ့ဖျော်ပြီး မျက်စဉ်းဆေးရည်အဖြစ် ခတ်ပေးရင် မျက်ခမ်းစပ်နာ၊မီးယပ်မျက်စိနာ၊မျက်စိမှုန်ဝါးဝါးဖြစ်ပေါ်နေတဲ့ ဝေဒနာတွေကို
သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ အစားမှားခြင်းကြောင့်ဖြစ်တဲ့ ၀မ်းဗိုက်မအီမသာ ဖြစ်ခြင်း၊မစားချင်မ သောက်ချင်ဖြစ်ခြင်းနဲ့ကိုယ်လက်ယားယံခြင်းတို့ အတွက် ကန်စွန်းရွက်ကို ထန်းလျက်နဲ့အတူကြိတ် ပြီး အရည်ကို နံနက်တစ်ကြိမ်၊နေ့လယ်တစ်ကြိမ်သောက်သုံးခြင်းဖြင့် ပြန်လည်ကောင်းမွန်လာနိုင်ပါ တယ်။

လတ်ဆတ်တဲ့ကန်စွန်းရိုးနီကို ရေနွေးဖျောပြီးပါးပါးလှီးအစာများများနဲ့သုပ်စားရင် ၀မ်းကိုက်ရောဂါ၊ မီးယပ်သွေးမ မှန်တဲ့ရောဂါ၊ဇက်ကြောတက်ခြင်း၊အသံဝင်အသံပျက်ရောဂါ၊ဆီးအိမ်နဲ့ပတ်သက်တဲ့ရောရဂါတွေကိုကုသရာမှာ အလွန် အသုံးဝင်ပါတယ်၊ မကြာခဏ ကန်စွန်းရွက်ကို စားသုံးပေးခြင်းဖြင့် ကျန်းမာ ရေးကိုများစွာ အထောက်အကူဖြစ်စေနိုင် ပြီး ခွန်အားတိုးခြင်း၊ ခံနိုင်ရည်ရှိခြင်းစတဲ့ ကောင်းကျိုးများကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

ရွှေအိမ်စည်စာကြည့်တိုက်

No comments:

Post a Comment