စာအုပ်စာပေလု့မိတ်ဆွေ

Tuesday, August 26, 2014

သက်တောင့်သက်သာ ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းကောင်းလေး (၈) ချက်

သက်တောင့်သက်သာနဲ့ ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလေးတွေပါ။ လူအတော်များများမှာ ကိုယ်အလေးချိန်ကျဆင်းစေဖို့ ကြိုးစားရာမှာ အစာရေစာဖြတ်တောက်မှုမျိုး၊ စားချင်နေလျှက် ကြိတ်မှိတ်ရှောင်ကျဉ်ကြတာ မြင်တွေ့မှာပါ။ အစားအလွန်အကျွံရှောင်လို့ ကျန်းမာရေးကိုပါ ထိခိုက်လာပါမယ်။

၁။ သင်စားမယ့်အစားအစာ စာရင်းကို မနှုတ်ပါနဲ့၊ ထပ်ပေါင်းပေးပါ။

သင်အမှန်တကယ်ကြိုက်နှစ်သက်ပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအစာကို စားပါ။ အရသာရှိပြီး သင်အရမ်းကြိုက်တဲ့အစားအစာတွေ ဥပမာ အနီရောင်ချယ်ရီသီးတွေ၊ အရည်ရွမ်းတဲ့ စပျစ်သီးတွေ၊ သစ်တော်သီး စတာတွေပါ။ ကွေကာနဲ့ ဆီရီယယ်တွေကို သင့်မနက်စာအတွက်စားနိုင်သလို နေ့လည်စာကို စွပ်ပြုတ်ထဲ အသား၊ ဥ၊ မှိုတွေ ထည့်စားနိုင်ပါတယ်။ ဒါကြောင့် အစာကိုမနှုတ်ပါနဲ့ ထည့်ပေါင်းစားပါ။ သတိပြုရမှာက အဆီနဲ့ ကယ်လိုရီများတာတွေတော့ မဖြစ်ရပါဘူး။ ညစားမစားခင် ကခုန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးခြင်း၊ အငြိမ်ထိုင်မနေပဲ အိမ်မှုကိစ္စ္စတွေကိုလုပ်ပေးပါ။

၂။ လေ့ကျင့်ခန်းပြုလုပ်ဖို့ကို မေ့ထားပါ။

လေ့ကျင့်ခန်းလုပ်ရမယ် ဆိုတဲ့စိတ်က သင့်စိတ်ကို လေ့ကျင့်ခန်းပြုလုပ်ဖို့ နှောင့်နှေးစေပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့ လေ့ကျင့်ခန်းပြုလုပ်ရမယ့်အတွေးကို မေ့ထားပါ။ အားကစားကို မဖြစ်မနေလုပ်ဖို့ခေါင်းထဲမထားပဲ သင်ကမ်းခြေမှာဆော့ကစားခြင်း၊ စက်ဘီးစီးခြင်း၊ မြက်ရိတ်ခြင်း အပင်စိုက်ခြင်းတို့ဖြင့် အဆီတွေကိုလောင်ကျွမ်းစေပါတယ်။

၃။ ဟိုဟိုဒီဒီ လမ်းလျှောက်ပါ။

ရာသီဥတုသာယာတာနဲ့ လမ်းလျှောက်ပါ။ ငါးမိနစ်ဆိုလည်းငါးမိနစ် သိသာစေပါတယ်။ လမ်းလျှောက်ခြင်းက ကျစ်လစ်ကျန်းမာခြင်းအတွက် အကောင်းဆုံးနည်းလေးပါ။ အိမ်မှာအနေများသူတွေအတွက် အိမ်နီးချင်းတွေဆီ လမ်းလျှောက်သွားသင့်သလို အလုပ်တစ်ဖက်နဲ့လူတွေအတွက်ကတော့ ကိုယ်ရောက်မယ့် ဘက်စ်ကားတစ်မှတ်တိုင်အလို လမ်းဆင်းလျှောက်ခြင်း၊ ကိုယ်ပိုင်ကားရှိလျှင်လည်း ရုံးနဲ့ဝေးရာမှာ ကားရပ်ပြီး လမ်းလျှောက်ခြင်း၊ အထပ်နိမ့်အဆောက်အဦးကို ခြေလျင်တက်ခြင်း၊ ကုန်တိုက်များတွင် အထပ်စုံအောင်လျှောက်ပေးခြင်း၊ လမ်းလျှောက်လုပ်အားပေးအဖွဲ့ဝင်ခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။ လမ်းလျှောက်ခြင်းကို တစ်နေ့လျှင် ဆယ်မိနစ်ခန့် မသိမသာ ပြုလုပ်ခြင်းဖြင့် Gym သွားစရာမလိုပဲ ကျစ်လစ်စေမှာပါ။

၎။ သင်နှစ်သက်ရာမစားခင် အရည်တစ်ခုခုသောက်သုံးပါ။

သင်နှစ်သက်သော ပီဇာ၊ အသားကပ်မုန့် ဒါမှမဟုတ် ခေါက်ဆွဲတို့ကို မသုံးဆောင်ခင်မှာ ကယ်လိုရီနည်းသော ဆိုဒါ၊ လိမ္မော်ရည်၊ ဝိုင်၊ light Beer၊ ရေ စတာတွေကိုသောက်သုံးခြင်းဖြင့် သင်စားမယ့်ပမာထက်လျော့နည်းစွာစားမိမှာပါ။

၅။ ရေဓာတ်များများရယူပါ။

အစာမစားခင် ရေကိုဝအောင်သောက်လိုက်ခြင်းဖြင့် သင်စားမယ့် အစာပမာဏကို ထက်ဝက်လျော့စားစေမှာပါ။ အစာကိုမပြတ်စားနေသူတွေအတွက် နည်းလမ်းကောင်းလေးပါ။ ပါတီပွဲတွေမှာ အစားအစာ မဧည့်ခံမီ ရေ၊ မချိုသော သစ်သီးရည်တစ်ခွက် သောက်သုံးပေးပါ။

၆။ အစာကို ဝေမျှစားပါ။

အိမ်မှာဖြစ်စေ၊ အပြင်ဆိုင်တွေထွက်စားသည်ဖြစ်စေ ကိုယ့်ပန်းကန်ထဲကနေ တခြားသူတွေကို ခွဲဝေပေးခြင်းဖြင့် ငွေကုန်သ်သာစေနိုင်သလို ကမာဏများစွာ စားသုံးမှုကင်းဝေးစေပါတယ်။

၇။ သံစဉ်နဲ့ တေးသွား

အမေရိကန် ကျန်းမာရေးဌာနတစ်ခုက လေ့လာအကြံပေးချက်အရ လူတွေဟာ တယ်လီဗေးရှင်းကြည့်ရတာ သီချင်းနားထောင်ရတာ နှစ်သက်ကြပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုလည်း များများပြုလုပ်သင့်တာကြောင့် လေ့ကျင့်ခန်းလုက်ရင်း သံစဉ်တေးသွားကို ပေါင်းစပ်တီထွင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဗီဒီကြည့်ရင်း ကခုန်ခြင်း ကိုယ်လက်လှုပ်ရှားခြင်းများကို ပြုလုပ်ပေး သင့်ပါတယ်။

၈။ သေးငယ်သော ပန်းကန်သုံးပါ။

သင့်အစားအစာပမာဏကို သင်သာလျှင်သိတာမို့ ကြီးမားသောအရွယ် ပန်ကန်များသုံးပါက သင့်ကို လိုတာထက်ပိုစားမိစေပါမယ်။ ဒါကြောင့် အရွယ်အစားသေးငယ်သော ပန်းကန်က သင့်စားသုံးမှုပမာဏ နည်းသွားအောင် ထိန်းပေးနိုင်ပါတယ်။

Credit to Original Writer

No comments:

Post a Comment