စာအုပ်စာပေလု့မိတ်ဆွေ

Thursday, August 14, 2014

သင့်ကျန်းမာရေး အတွက် အရောင်ပါတဲ့ ဒီလို အသီးအနှံ တွေစား"

-အဖြူရောင် ပါတဲ့ အသီးအနှံက ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ကြက်သွန်ဖြူတို့  ၊ ပန်းဂေါ်ဖီတို့ ကို တွေ့ ဖူးမှာပါ ။ အဖြူရောင် ပါတဲ့ အသီးအနှံ တွေ ဖြစ်ပါတယ်။

-အစိမ်းရောင် ပါတဲ့ အသီးအနှံ က အဆိပ်အတောက် တွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ အစိမ်းရောင် အသီးအနှံ တွေကလည်း ပေါပေါများများ ရှိကြပါတယ်။

-အနီရောင်ပါတဲ့  အသီးအနှံ က နှလုံးနဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဥပမာ - စတော်ဘယ်ရီ တို့  ခရမ်းချဉ်သီး တို့ ကို မြင်ကြည့်ပါ။


-အ၀ါရောင် ပါတဲ့ အသီးအနှံ တွေကတော့ အသားအရည်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ အသားအရည် ညစ်ညမ်းတာတွေ ၊ ရင့်ရော်တာတွေ အတွက် အကျိုးပြုပါတယ်။

-လိမ္မော်ရောင် ပါတဲ့ အသီးအနှံ တွေကတော့ ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။

-ခရမ်းရောင် ပါတဲ့ အသီးအနှံတွေ ကတော့ အိုမင်းရင့်ရော်မှု ကို ကာကွယ်ပြီး အသက်ရှည်စေပါတယ်။

ဒီတော့ မိမိ စားသုံးတဲ့ အသီးအနှံတွေနဲ့ အရောင်တွေကို တွဲမြင်မိပြီ ဆိုရင် ဘယ်အရောင်က ဘာအတွက်အကောင်းဆုံးဖြစ်မလဲ ဆိုတာကို လေ့လာစားသုံးလိုက်ကြရအောင် ။

-----
Ref: Health Tips

No comments:

Post a Comment