စာအုပ်စာပေလု့မိတ်ဆွေ

Thursday, August 21, 2014

ဂရင်ဂျီနာ

ဂရင်ဂျီနာဟာ လိပ်ခေါင်း တစ်မျိုး ဖြစ်ပြီး ကာလ ရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါ တစ်မျိုး ဖြစ်ပါ တယ်။ ဂရင်ဂျီ အနာ ပေါက်ဟာ နီ ရဲတဲ့ သွေးလိုအ ရည်ကျ တတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ ယှဉ်တွဲ နေလို့ ဆီးကျန်၊ ဆီးကျဉ်၊ ဆီးပူ ခြင်းတို့ဖြစ် တတ်ပါ တယ်။

စအိုပတ် လည်မှာ အဖု အပိမ့် များထွက် လာခြင်း၊ ယား ယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာ ပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။

ဂရင်ဂျီ နာဖြစ် ခဲ့ရင်

စအို နှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံ ဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ် ခြင်း၊ ဆီးချုပ် ခြင်း၊ ဆီးနည်း ခြင်းတွေ ဖြစ်တတ် တယ်။ လိင်အင်္ဂါ ၀န်းကျင် တစ်ဝိုက်မှ တင်ပါး အထိ ဖြစ်တတ် တယ်။ ဝမ်းချုပ် ခြင်း၊ အညောင်း ထိုင်လွန်းခြင်း၊ အညှော်နံ့ ခံရခြင်း၊ ရေချိုး မမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စား သူတွေဟာ ဆီးခုံ အစပ်မှာ အဖု ငယ်များ ထွက်ပေါ်ကာ သွေးရည် ကြည်လို ကျနေ တတ်သလို တချို့ကာလ ရှည်စွာ ပြည်ပုပ်များ ကျနေ တတ်ပါ တယ်။

ဂရင်ဂျီနာ၊ မြစ်ခြောက် နာက မြစ်စို နာနဲ့ တွဲပြီး သားနံ ရေအ နည်းငယ် သာကျကာ ချွေးပေါက် ပိတ်ဆို့ပြီး ကျစ်လျစ်မာ ကျောတဲ့ အမျှင် များနဲ့ ဖွဲ့စည်း ထားတတ် ပါတယ်။ အချိန်ကြာ လာတာ နဲ့အမျှ တစ်ဆင့်ပြီး တစ်ဆင့် အသားထဲ ထိုးဖောက် ၀င်ရောက်ပြီး အမြစ် နေရာဟာ ကာလကြာ မပေါက်ဘဲ ရှိနေ တတ်တယ်။ အနာမှာ အမြစ်ပွား ခြင်း၊ အမြစ် ခြောက်ရှိခြင်း၊ ပြည်သွေး ဖြစ်တည်ခြင်း စတဲ့ အနာ တစ်မျိုး ဖြစ်တတ် တယ်။ အဲဒီလို ဖြစ်ရင် ခွဲစိတ် ဖြတ်တောက်ပြီး စနစ်တ ကျကုသ မှသာ ပြန်ကောင်း နိုင်တယ်။ အညှော် ရှောင်ရမယ်။ ဝမ်းမ ချုပ်အောင် ဟင်းသီး ဟင်းရွက်၊ သစ်သီး များများ စားရမယ်။

ကြိုတင် ကာ ကွယ်ခြင်း

ကြိုတင်ကာ ကွယ်ခြင်း ကတော့ ဝမ်းမ ချုပ်ပါ စေနဲ့။ ဆီး၊ ဝမ်း၊ သွေးမှန် အောင် ဆင်ခြင် နေထိုင်ပြီး နေ့စဉ်နာ ရီဝက် လောက် လေ့ကျင့် ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့် တယ်။ ဝမ်းချုပ် သူများ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီး စားပေး ရမယ်။ အသား၊ အဆီနဲ့ အငန် လျှော့စား ရမယ်။ ဟော်မုန်း အားဆေး များ၊ ကာမ အားဆေး များ မသုံးစွဲ သင့်ပါဘူး။ သဘာဝ သစ်သီး နဲ့ ဖျော်ရည်များ ကို သောက်သင့် တယ်။ ဂက်စ်ပါတဲ့ အချို ရည်ဘူး၊ ဘီယာ၊ အရက် ရှောင်ရ မယ်။ ရေဆာရင် ရေသာ သောက်သင့်တယ်။ ဆေးလိပ် ဖြတ်ရ မယ်။

အရက်၊ ဆေးလိပ်များ ရင် ကျန်းမာ ရေးချို့တဲ့ကာ ခုခံမှု အားစနစ် ပျက်ယွင်း လာပြီး ဂရင်ဂျီနာ ဖြစ် တတ်တာ ပိုတွေ့ရတယ်။

သဘာဝ သောက်ရေ သန့်သောက်၊ အညှီ အဟောက် ရှောင်၊ နေ့စဉ် နာရီဝက် လေ့ကျင့်ခန်း လုပ်ဆောင်ရ မယ်။

ကုသ နည်း

ခွဲစိတ်ကု သနည်းဟာ ရောဂါ ပျောက်ကင်း အောင် ကုသ တဲ့နည်း ဖြစ်တယ်။ သောက်ဆေး အနေနဲ့ အကိုက် အခဲ ပျောက်ဆေးများနဲ့ မက်ထ ရိုစားဆေး၊ အမောက် ဆလင် (၅ဝဝ) မီလီ ဂရမ် စားဆေး တို့ကို သုံးလုံးပါ တစ်တွဲ သုံးကြိမ်နဲ့ ငါးရက်မှ ခုနစ်ရက် သောက်သင့် တယ်။ မက်ထရို အမှုန့် သို့မဟုတ် ဆားခါးကို အနာဝမှာ အုံပေး နိုင်တယ်။

Credit - ရိုးရာလေး

No comments:

Post a Comment