စာအုပ်စာပေလု့မိတ်ဆွေ

Wednesday, August 12, 2015

ညဖက်မှာ ရေချိုးရင် ဘာဖြစ်မလဲ


လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျိုလန်းဆန်းနေတာကို အလိုရှိကြပါတယ်။ ရေချိုးခြင်းဟာလဲ ခန္ဓာကိုယ်လန်းဆန်းသွားအောင် လုပ်ဆောင်ခြင်းထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ညဖက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာကို လေ့လာကြည့် ရအောင်ပါ။
ရေချိုးခြင်းဟာ ကိုယ်ခန္ဓာအပန်းပြေသွားအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ တနေကုန် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းလာခဲ့တဲ့အတွက် ညနေဖက်မှာ သင့်ရဲ့ကိုယ်ခန္ဓာဟာ ပြန်လည်လန်ဆန်းဖို့ တခုခုလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ညပိုင်းမှာ ရေချိုးလိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာခံနိုင်စွမ်းရည်အားကို ပြန်လည်မြှင့်တက်စေပါတယ်။

သည်းခြေကျောက်တည်ခြင်းအတွက် ကင်မလင်းရွက်

ကင်မလင်းရွက်သည် သည်းခြေမှကျောက်ကို သန့်စင်ပေးနိုင်စွမ်းရှိသည့် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။
ကျောက်ကပ်ကျောက်တည်းခြင်းနှင့် ဆီးအိမ်ကျောက်တည်ခြင်းတို့အတွက် သံမနိုင်ကျောက်မနိုင်အရွက်ကို စားသုံးခြင်းဖြင့် ကျောက်များကို ချေပစ်နိုင်သလို ကင်မလင်းရွက်ကို စားသုံးခြင်းဖြင့် သည်းခြေမှကျောက်ကို ဖယ်ရှားပေးနိုင်ပါသည်။
ကင်မလင်းပင်ပုံစံ-
ကင်မလင်းရွက်သည် သပြေရွက်နှင့်ဆင်တူ၍ အရောင်မှာ စိမ်းဝါရောနေပါသည်။ အစိမ်းရောင် ခပ်ဖျော့ဖျော့နှင့် အ၀ါရောင်သန်းနေပါသည်။ အရွက်၏အသားသည် နူးညံ့နေ၍ အရွက်ရင့်များသာလျှင် အနည်းငယ် ကြမ်းပါသည်။ မင်းကင်း၊ ရေဦး၊ ဒီပဲယင်း၊ ချင်းပြည်နယ်နှင့် မြန်မာပြည် နေရာဒေသခပ်များများတွင် ပေါက်ရောက်လေ့ ရှိပါသည်။

*** သတိပြုစရာ အယ်လ်ဇိုင်းမားရောဂါ ***

အယ်လ်ဇိုင်းမားရောဂါဆိုတာဟာ ဦးနှောက်ဇရာအကြို(ခေါ်)အရွယ်မတိုင်မှီ
သတိမေ့တဲ့ရောဂါအမျိုးအစားဖြစ်ပြီး ၄င်းရောဂါဖြစ် ပွားပါက မှတ်ဥာဏ်တွေ၊
အတွေးအခေါ်တွေနဲ့  အပြုအမူတွေကိုမေ့လျော့သွားပါတယ်။ ယေဘုယျအားဖြင့်
အယ်ဇိုင်းမားရောဂါ ဟာ အသက်ကြီးသူတွေမှာသာဖြစ်လေ့ရှိပြီး၊ အသက်ကြီးလာလေ
ရောဂါဖြစ်နိုင်ချေပိုများလာလေလို့  သိထားကြပြီးဖြစ်ပါတယ်။ သို့ သော်
ယင်းအချက်မှာ ယခုတော့ ရာနှုန်းပြည့်မမှန်တော့ပေ။ ဘာကြောင့်လဲဆိုရင် ယနေ
့ကမ္ဘာမှာ အယ်လ်ဇိုင်းမား ရောဂါဖြစ် ပွားမှုနှုန်းဟာ ငယ်ရွယ်သူတွေမှာလည်း
ဖြစ်ပွားလာတာကို တွေ့ ရပါတယ်။

မြွေကိုက်လူနာအား ပြုစုခြင်း

မြန်မာနိုင်ငံတွင် မြွေကိုက်ခြင်းကြောင့် နှစ်စဉ်လူပေါင်းများစွာ အသက်ဆုံးရှုံးနေကြရသည်။ သို့အတွက် မြွေကိုက်လျှင် မည်ကဲ့ သို့ ရှေးဦးပြုစုရမည်ကို သိထားရန် အရေးကြီးသည်။
မြန်မာနိုင်ငံ၌ အဖြစ်အများဆုံးမြွေကိုက်မှုများမှာ မြွေပွေး၊ မြွေဟောက် တို့ကြောင့်ဖြစ်သည်။ သို့သော် မည်သည့်မြွေကိုက်၍ မည်သည့်ဆေးဖြင့် ကုရမည်ဆိုသည်မှာ ဆေးရုံမှ ဆရာဝန်များအလုပ်ဖြစ်၏။ ရှေးဦးပြုစုခြင်းအတွက်မူ မည်သည့်မြွေ ကိုက်သည်ဖြစ်စေ ပြုစုရမည့်နည်းမှာ အတူတူပင်ဖြစ်သည်။ မြွေကိုက်ခြင်းအတွက် ရှေးဦးသူနာပြုခြင်း ရည်ရွယ်ချက်ကား မြွေဆိပ်များကို မပျံ့စေရန် ထိန်းနိုင်သမျှ ထိန်းထားရေး ဖြစ်သည်။

ဗိုက်ခေါက်ထူ ဗိုက်ပူနေသူများ အတွက် အလွယ်နည်း လေ့ကျင့်ခန်း

ဒီနည်းလမ်းကို နေ့စဉ် နာရီဝက် ခပ်ပြင်းပြင်း လုပ်လိုက်တာနဲ့ ရက်သတ္တပတ် အတွင်းမှာ သင်၏ ဗိုက်ခေါက်ဟာ လျော့ကျလာတဲ့ အကျိုးကျေးဇူးကို ခံစား ရမှာ ဖြစ်ပါတယ်။
အချိန်များစွာ ပြုလုပ်ရန် မလိုဘဲ နာရီဝက် အတွင်း ခပ်ပြင်းပြင်း ကစားဖို့ကိုတော့ အထူး တိုက်တွန်းပါတယ်။ လေ့ကျင့်ခန်း တစ်မျိုးနှင့် တစ်မျိုးကြား ကူးပြောင်းတဲ့ အခါမှာ စက္ကန့် ၃၀ လောက်ပဲ အနားယူစေပြီး ရေကို များစွာ မသောက်သင့်ပါဘူး။
အမျိုးသား အမျိုးသမီး မည်သူမဆို ဆော့ကစားနိုင်ပြီးတော့ နေ့စဉ်ပုံမှန် ကစားဖြစ်ဖို့ကို အထူး ဂရုစိုက်ပေးပါ။ လေ့ကျင့်ခန်း ပုံဆန် ၅ မျိုးဖြစ်ပြီးတော့ တစ်မျိုးစီကိုတော့ ပုံလေးတွေ ကြည့်ပြီး လေ့လာနိုင်ပါတယ်။


Monday, January 19, 2015

ကျန်းမာရေးအတွက် စားသင့်သော ဥကန်စွန်းပင်အရွက်

သွေးနီဥဇီဝဖြစ်ပျက်မှုကို ထိန်းသိမ်းရန်နှင့် အခြားသော ခန္ဓာ ကိုယ်လုပ်ဆောင်ချက်များစွာအတွက် လိုအပ်သည့် ရေတွင်ပျော် ၀င်နိုင်သော မရှိမဖြစ် ဗီတာမင်များစွာမှာ ဥကန်စွန်းပင်အရွက်များ ၌ ပါဝင်သည်။

ဥကန်စွန်းပင်၏ တစ်သျှူးပုံစံအမျိုးမျိုးကို လူဝီစီးယားနားပြည် နယ်တက္ကသိုလ်မှ သုတေသီများက လေ့လာခဲ့ကြပြီး ရင့်သော အရွက်များ၊ နုသောအရွက်များ၊ နုသော အဖူးအညွန့်များ၊ နွယ်များ နှင့် အမြစ်တစ်သျှူးများကို လေ့လာခဲ့ကြသည်။

Sunday, January 18, 2015

အရိုးအဆစ်များ ကျန်းမာရန်

(၁) များများလှုပ်ရှားပေးပါ။ များများလှုပ်ရှားလေ အဆစ်အမြစ်များ တင်းနေမှု လျော့ကျလေဖြစ်ပါတယ်။ ဒါကြောင့် TV ကြည့်စဉ်ဖြစ်စေ၊ အလုပ်လုပ်စဉ်ဖြစ်စေ ခဏနားပြီး လှုပ်ရှားမှုလုပ်ပေးပါ။

(၂)အလုပ်အလွန်လုပ်၍ ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ အဆစ်
တွေ နာနေလေ့ရှိပါတယ်။ အဲဒါတွေ က ရောင်ရမ်းမှု၊ ကိုက်ခဲမှုများ ဖြစ်
စေတတ်ပြီး။ အခြားအကြောင်းအရာတစ် ခုကတော့ လေးဖက်နာရောဂါ
တွေ ကြောင့် ဖြစ်စေတတ်ပါတယ်။

(၃)အန္တရာယ်များတဲ့ကစား နည်းတွေ ကစားတဲ့အခါ တံတောင်
ဆစ်၊ ဒူးခေါင်းစတဲ့ဂျွိုင့်တွေမှာ ကာကွယ်ပေးတဲ့ပစ္စည်းတွေ ဝတ်
ဆင် ထားသင့်ပါတယ်။