သင်ရဲ့ ထမင်း ပန်းကန်ထဲမှာ သက်တံရောင် အစားအစာတွေ ရှိနေတာဟာ နုပျို
ကျန်းမာ စေတာကြောင့် သင့်ပန်းကန်ထဲမှာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊
အစိမ်းရောင်၊ အဖြူရောင်နဲ့ အပြာရောင်ရှိတဲ့ အစားအသောက်တွေ ပါဝင် သင့်ပါတယ်။
အနီရောင်
အရသာရှိတဲ့ အနီရောင် အစားအသောက် တွေကို စားပေးတဲ့အခါ အနီရောင် အသီးအနှံနဲ့
ဟင်းသီး ဟင်းရွက်တွေမှာ အင်သိုဆိုင်ယာနင် ပါဝင်နေတာ ကြောင့် ဆဲလ်တွေရဲ့
ထိခိုက် ပျက်စီးမှုကို အကာအကွယ် ပေးနိုင်ပါတယ်။ အနီရောင်ရှိတဲ့
အစားအစာတွေကတော့ စတော်ဘယ်ရီသီး၊ အနီရောင် ပန်းသီးနဲ့ ငရုတ်သီး အနီ၊ သလဲစေ့
စတာတွေပဲ ဖြစ်ကြပါတယ်။ ဆီးကျိတ် ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကိုလည်း
ကျန်းမာစေပါတယ်။
လိမ္မော်ရောင်နှင့် အဝါရောင်
ရွှေဖရုံသီးနဲ့ ကန်စွန်းဥတို့လို အဝါရောင်နဲ့ လိမ္မော်ရောင် ရှိတဲ့ အစား
အစာတွေကို စားပေးရင် အမြင်အာရုံကို ကောင်းမွန်စေပြီး ခုခံစွမ်းအား စနစ်ကို
တိုးမြင့်စေပါတယ်။ အဝါရောင် အသီးအနှံတွေထဲမှာ ပါဝင်တဲ့ ဘီတာ
ကယ်ရိုတင်းတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါမှာ ဗီတာမင်အေ အဖြစ်
ပြောင်းသွားတာကြောင့် ကင်ဆာ ရောဂါနဲ့ နှလုံးရောဂါ အန္တရာယ်ကို လျော့ကျ
စေပါတယ်။ ဒါ့အပြင် ချဉ်တဲ့ အသီးအနှံတွေမှာ ဗီတာမင်စီနဲ့ ဖောလိတ်ဓာတ်လည်း
ပါဝင်နေတာကြောင့် ဖရီးရယ်ဒီ ကယ်တွေကို ကင်းဝေးစေပြီး ခုခံစွမ်းအား စနစ်ကို
ကောင်းမွန် စေပါတယ်။
အပြာရောင်၊ ခရမ်းရောင်နှင့် အနက်ရောင်
အစိမ်းရောင်
အစိမ်းရောင် အစားအစာထဲမှာ ပါတဲ့ ကလိုရိုဖီးတွေဟာ သွေးဆဲလ် ထုတ်လုပ်မှု
အားကောင်း စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အစိမ်းရောင်
အစားအစာ တွေထဲမှာ လူတင်ဓာတ် ပါဝင်တာကြောင့် အတွင်းတိမ်ရောဂါ အန္တရာယ်နဲ့
အသက်ကြီးတာကြောင့် ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးတာကို လျော့ကျ
စေနိုင်ပါတယ်။ အစိမ်းရောင် အစား အစာတွေ ကတော့ ပန်းဂေါ်ဖီစိမ်း၊
ဟင်းနုနယ်ရွက်၊ ရွက်လိပ်ဂေါ်ဖီထုပ် စတာတွေပဲ ဖြစ်ကြပါတယ်။ အဖြူရောင်
သစ်တော်သီး၊ အခွံမာသီးနဲ့ သီဟိုဠ်စေ့လို အစေ့အဆန်တွေမှာ အန်သို
ဆိုင်ယာနင်တွေ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး သွေးတွင်း
ကိုလက်စထရော ပမာဏကို လျော့ကျ စေပါတယ်။
အဖြူရောင်
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ ထဲမှာလည်း ကွာဆီတင်ဓာတ် ပါဝင်တာကြောင့်
ရောင်ရမ်းမှု လျော့ကျ စေကာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေပါတယ်။ ပဲပိစပ်၊
အဖြူရောင်ပဲ၊ ဘာလီစေ့နဲ့ ထမင်းတွေဟာလည်း သင်စားသင့်တဲ့ အဖြူရောင်
အစားအစာတွေပဲ ဖြစ်ကြပါတယ်။
ကြယ်စင်
No comments:
Post a Comment