စာအုပ်စာပေလု့မိတ်ဆွေ

Monday, August 4, 2014

နေ့စဉ် အချိန်အနည်းငယ်ပြေးခြင်းက အသက်ပိုရှည်နိုင်


နေ့စဉ်အချိန်အနည်းငယ်မျှ အ ပြေးလေ့ကျင့်ခြင်းက တာဝေးပြေး ခြင်းကဲ့သို့ပင် အကျိုးသက်ရောက်မှု ရှိပြီး အသက်ပိုရှည်နိုင်သည်ဟု လေ့ လာမှုတစ်ခုတွင် ဖော်ပြသည်။ နေ့ စဉ် ၅ မိနစ်မှ ၁၀ မိနစ်အထိပြေး ခြင်းက နှလုံးရောဂါအန္တရာယ်အား သိသိသာသာလျော့ကျစေပြီး အရွယ် မတိုင်မီ သေဆုံးမှုကိုလည်း ကာကွယ် ပေးသည်ဟုဆိုသည်။ ပုံမှန်အပြေး လေ့ကျင့်သူများသည် အရွယ်မတိုင်မီ သေဆုံးနိုင်သည့်အန္တရာယ် ၃၀ ရာခိုင်နှုန်း လျော့နည်းပြီး နှလုံးရော ဂါကြောင့် သေဆုံးနိုင်မှုကိုလည်း ၄၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်ဟု ဆိုသည်။ ပုံမှန်အပြေးလေ့ကျင့်သူ များသည် လေ့ကျင့်ခြင်းမရှိသူများ ထက် အသက် ၃ နှစ် ပိုရှည်နိုင်သည် ဟုဆိုသည်။


အပြေးလေ့ကျင့်သူများ၏ အမြန် နှုန်းနှင့် ကြာမြင့်ချိန်တို့က အကျိုး သက်ရောက်မှုအား ကွဲပြားစေခြင်း မရှိဟုဆိုသည်။ ရက်သတ္တပတ် တစ် ပတ်လျှင် မိနစ် ၅၀ အပြေးလေ့ကျင့် သူများနှင့် မိနစ် ၁၈၀ အပြေးလေ့ ကျင့်သူများကြား အကျိုးသက်ရောက် မှု သိသာထင်ရှားသည့် ကွာခြားချက်မရှိဟု ဆိုသည်။

အပြေးလေ့ကျင့်ရာ တွင် တစ်နာရီ ၆ မိုင်နှုန်းထက်နည်း သော်လည်း တူညီသည့် အကျိုးကျေး ဇူးရနိုင်သည်ဟုဆိုသည်။ မြန်နှုန်းနည်းနည်းနှင့် အချိန်ခဏသာပြေး သော်လည်း လေ့ကျင့်ခန်းမလုပ်သူ များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ အကျိုးရှိနိုင်သည်ဟု လေ့လာမှုရလဒ်တွင် ဖော်ပြထားသည်။

“လေ့ကျင့်ခန်းပြုလုပ်ရာမှာ အချိန်လိုအပ်တာက အဓိကအတားအ ဆီးဖြစ်လေ့ရှိပါတယ်။ အခုတွေ့ရှိ ချက်က လူတွေအပြေးလေ့ကျင့်ခန်း စလုပ်ဖို့ တွန်းအားဖြစ်စေမှာပါ”ဟု အိုင်အိုဝါစကိတ်တက္ကသိုလ်မှ လက် ထောက်ပါမောက္ခ ဒက်ချယ်လီက ပြောကြားသည်။ သုတေသနအဖွဲ့က ပြေးခြင်းနှင့် လမ်းလျှောက်ခြင်း၏ အကျိုးရလဒ်များအား နှိုင်းယှဉ်ကြည့်ရာ ၅ မိနစ်ပြေးခြင်းက ၁၅ မိနစ် လမ်းလျှောက်ခြင်းနှင့် ညီမျှကြောင်း တွေ့ရသည်ဟုဆိုသည်။ ၂၀၁၁ တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ နေ့စဉ် ၁၅ မိနစ်ခန့် အမြန်လမ်း လျှောက်ခြင်းက အသက် ၃ နှစ်ခန့် ပိုရှည်စေသည်ဟု ဆိုသည်။

KHTun
အတွဲ ၂ အမှတ်စဉ် ၂၄၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

No comments:

Post a Comment