လွန်ခဲ့ သော တနှစ်က ဘယ်ဘက် ညပှက်ရိုးကျိုးသွားပါ တယ်ဆရာ ခွဲရမည် ဟု ပြော
သည့် ဆရာ ကပြော ပြီး ခွဲဆရာမလိုဘူး လို့ ပြော လို့ အခွဲ ဖြစ် ခဲ့ ပါ။ အခု
အလေး မ အားကစား ပြန် လုပ် ချင် ပါတယ် ခင်ဗျ အ လေး ပြန်မ ရင် နာ ပါ တယ် ။ အရိုး ပြန် ကျိုး နိုင် ပါသလား ကျေး ဇူး တင်ပါတယ်။
ညှပ်ရိုးကျိုးရင်ကုရခက်ပါတယ်။ ကျောက်ပတ်တီးစည်းလို့မရ၊ခွဲစိတ်ဖို့လည်း
ခက်ခဲတယ်။ အများစုဟာ ပခုံးရိုးလှုပ်ရှားမှုမရှိအောင် နားရတယ်။ clavicle
support ဆိုတဲ့ ကျောပိုးအိတ်လို အထိန်းအကွပ်မျိုးကို လွယ်ထားရတယ်။ ၆လတန်သည်
စသည်ဖြင့်နားရတယ်။ ပြန်ဆက်တဲ့အခါ အရိုးချင်းထပ်တာ၊ဖုဖောင်းတာမျိုး
ရှိနိုင်တယ်။ ပြန်တော့ဆက်ပါတယ်။ မိမွေးတိုင်းတော့ မဟုတ်ဘူး။ ဒါ့ကြောင့်
အရိုးအထူးကုအများစုဟာ ဓာတ်မှန်ပြန်မရိုက်ကြဘူး။
အလေးမတဲ့အခါ
သူ့ရဲ့အားက လက်မောင်း၊ညှပ်ရိုး၊ပခုံးပေါ်ကို သက်ရောက်စေတယ်။
ကျိုးထားတဲ့နေရာက ပုံမှန်မဟုတ်လို့ အလေးအပင် မ မသင့်ဘူး။
သာမန်အပေါ့စားလေ့ကျင့်ခန်း(ကြက်တောင်၊ရေကူး၊ဂေါ့ဖ်ရိုက်)လို့ ရပါတယ်။
အလေးမတာမျိုးကတော့ မကောင်းပါဘူး။ ပြန်ကျိုးတတ်ပါတယ်။ အကောင်းဆုံးက
တခြားအားကစား တခုခုပြောင်းလုပ်ကြည့်ပေးပါ။
ဒေါက်တာ အေးမင်းထူး
No comments:
Post a Comment