စာအုပ်စာပေလု့မိတ်ဆွေ

Monday, August 11, 2014

ဆီကြော်မုန့် အသားများနှင့် ကလီစာများ အလွန်အကျွံ စားသုံးပါက ကျောက်ကပ်ပျက်စီးနိုင်

ကျောက်ကပ်ကို ပျက်စီးစေနိုင်သည့် အစားအသောက်များ အနက် တညင်းသီး၊ အချို့သော ဆီကြော်မုန့်များ၊ အသားများနှင့် ကလီစာများကို အလွန်အကျွံ စားသုံးခြင်းများကြောင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်ကြောင်း ကျောက်ကပ်ရောဂါ အထူးကု ဆရာဝန်ကြီးတစ်ဦးက ပြောသည်။ တညင်းသီးကို မျိုးစုံပြုလုပ်၍ စားသုံးကြရာတွင် တညင်းသီးတွင် ပါဝင်သော ဓာတ်များမှာ ကျောက်ကပ်ထဲရှိ ဆူးချွန်သဏ္ဌာန် အခဲလေးများ ဖြစ်စေပြီး စစ်ထုတ်နိုင်သည့် ဆန်ခါများကို

ပျက်စီးစေသည့် စွမ်းအားပြင်း ရှိခြင်းကြောင့် တညင်းသီး အလွန်အကျွံ စားသုံးပါက ကျောက်ကပ် အလျင်အမြန် ပျက်စီးတတ်ကြောင်း သိရသည်။


အသားများနှင့်အတွင်း ကလီစာများကို အလွန်အကျွံစားပါကလည်း ကျောက်ကပ်ကျန်းမာရေးအတွက် မကောင်းကြောင်းကျန်းမာရေးဌာနမှ ထုတ်ပြန် ကြေညာချက်များ အရသိရသည်။ တာရှည်ခံရန် ဖော်မလင်ဖြင့် စီစဉ်ထားသော အစားအစာများမှာလည်း ကျောက်ကပ် ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်း၊ လက်ဖက်ပွဲများတွင် ပါဝင်နေသည့် ပဲကြော်များ၊ အချို့အာလူးကြော်အထုပ်များနှင့် အကြော်ခံပစ္စည်းများကို ကြော်ရာတွင် ဆီအိုးထဲသို့ ရေသန့်ဘူး နှစ်ဘူးခန့် ထည့်ကြော်ခြင်း အားဖြင့် ဆီကုန်သက်သာသဖြင့် လုပ်ဆောင်ကြသော်လည်း ဆီပူထဲတွင် ပလတ်စတစ် (မယ်လမင်း) ဓာတ်ပြုပစ္စည်းများ ပါဝင် ရောနှော သွားသဖြင့် ကျောက်ကပ်ကို အန္တရာယ် ရှိနိုင်သည်ဟု သိရသည်။ ကျောက်ကပ်ရောဂါ ဝေဒနာကို ခံစားရလျှင် အော့အန်ခြင်း၊ မူးဝေခြင်း၊ ခံတွင်းပျက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အိပ်စက်ရန်ခက်ခဲခြင်း၊ ကြွက်သားနှင့် အရိုးအဆစ်နာကျင်ခြင်း၊ ယားယံခြင်း၊ သွေးတိုးခြင်း၊ ကြို့ထိုးခြင်း၊ အသက်ရှူမဝခြင်း၊ ရင်ဘတ်နာခြင်း စသည့် ဝေဒနာများကို ကနဦး ခံစားရမည် ဖြစ်ခြင်းကြောင့် ကျောက်ကပ် စစ်ဆေးမှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်း ကျောက်ကပ်ရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ရဲဝင့်ထွန်းက ပြောသည်။

Credit - မြ၀တီ

No comments:

Post a Comment