စာအုပ်စာပေလု့မိတ်ဆွေ

Monday, August 11, 2014

တင်းတိတ် နှင့် အမည်း စက် ကင်းစင် စေဖို့

တင်းတိတ် နှင့် အမည်း စက် ကင်းစင် စေဖို့ အိမ်တွင်း မှာ ရှိတဲ့ သံပရာသီး ရယ် ပျားရည်ရယ် ရှိရုံ နဲ့ လုံလောက် ပါတယ်။

သံပရာသီး ကို ထပ်ခြမ်း ခွဲပြီး ပျားရည် သုံးလေး စက်ခန့် ထည့်ပါ။

သံပရာရည် နဲ့ ဆိုလည်း ဖြစ်ပါတယ်။သံပရာ သီး ခြမ်းနဲ့ ပျားရည် ထည့်ပြီး ရင် မျက်နှာပြင် တစ်ဝိုက် ပွတ် တိုက် ပေးပါ။


အဖုအပိမ့် နဲ့ ၀က်ခြံ အမည်း စက် ရှိတဲ့ နေရာ တွေ ကို ထပ်ခါ ထပ်ခါ တိုက်ပေးပါ။

အဲဒါ ပြီးရင် ငါးမိနစ် လောက် ထားပါ။ ပြီးတော့ ရေအေးအေး လေးနဲ့ မျက်နှာ သစ် လိုက်ပါ။

ချက်ချင်း လိုပဲ အကျိုးထူး လာတာ ကို တွေ့ရ ပါလိမ့်မယ်။ သံပရာသီး ဟာ မျက်နှာပြင် ပေါ်ရှိ အမည်းစက် တွေ ကို မှေးမှိန် သွားစေတဲ့ သတ္တိ ရှိပြီး

ပျားရည် ကတော့ မျက်နှာ မှာ ရှိတဲ့ အစိုဓါတ် ကို ထိန်းထား ပေးမှာ ဖြစ်ပါ တယ် ။

Credit - www.shwechitthu.com

No comments:

Post a Comment