အများစုသည် ငွေကြေးအဆင်မပြေသောကြောင့်၊ လူမှုရေးကိစ္စများကြောင့် လုပ်ကြပါသည်။ မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် မရှိပါ။ ထို့ကြောင့် အရပ်လက်သည်များ၊ ကိုယ်ဝန်ဖျက်ချပေးသူများ ရှားရှားပါးပါး အကျင်ပျက်ဆရာဝန်တချို့ မှတဆင့် လုပ်ဆောင်ပေးကြကြောင်း သိရပါသည်။ ပြင်ပတွင် ကိုယ်ဝန်ဖျက်ချတယ်ဆိုတာသည် သန့်ပြန့်သော ခွဲစိတ်ခန်းထဲတွင် လုပ်ဆောင်ခြင်းမဟုတ်သောကြောင့် အများစုသည် ရောဂါပိုးဝင်ကာ ဒုက္ခရောက်နိုင်ပါသည်။ ကိုယ်ဝန်ဖျက်ချသောလူနာများ(သို့
မိခင်အား သွေးထွက်လွန်၍သော်လည်းကောင်း၊ ရောဂါပိုးအဆိပ်တက်၍ သော်လည်းကောင်း မသေအောင် ကာကွယ်ကုသပေးရန်ဖြစ်ပါသည်။ လူနာကို အပြစ်တင်ရန် ဆူရန် မဟုတ်ပါ။ ရဲစခန်းကိုလည်း ကိုယ်ဝန်ဖျက်ချသောကြောင့် တိုင်မည် မဟုတ်ပါ။ သို့ရာတွင် ဆေးရုံများသို့ရောက်သောအခါ OG များ ဆရာမများသည် abortion လူနာများအား ဆူတတ်ငေါက်တတ်သောကြောင့် တချို့သည် ကြောက်လန့်ပြီး မလာရဲဘဲ အသက်သေဆုံးခါနီး ဖြူကာပြာကာ ကျခါမှ ရောက်လာတတ်ကြပါသည်။ ထိုအခါမှ လာသောအခါ သေဆုံးကြတာ များပါတယ်။ထို့ကြောင့်လည်း အမျိုးသမီးများအနေဖြင့် မလိုချင်သောကိုယ်ဝန်ကို မရအောင် အစတည်းက စနစ်တကျ ကာကွယ်သင့်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ရှိလာရင်လည်း မိမိ၏ partner နှင့် ငြိနှိုင်းပြီး ကိုယ်ဝန်ကို ဆောင်စေချင်ပါတယ်။ ဒီကိုယ်ဝန်ကို ဘယ်လိုမှ မယူနိုင်လို့ ဖျက်ချမယ်ဆိုရင်လဲ ခေတ်မှီနည်းပညာများကို သုံးပြီး ကိုယ်ဝန်ဖျက်ချသော လက်သည်များထံတွင် ဖျက်ချစေလိုပါသည်။ ထို့နောက် ထိုသို့ကိုယ်ဝန်ဖျက်ချပြီးပါက နီးစပ်ရာဆေးရုံဆေးခန်းများတွင် ဆက်လက်သွားရောက် ကုသသင့်ပါသည်။ကျွန်တော့်၏ ဆောင်းပါးသည် အမျိုးသမီးများကိုယ်ဝန်ဖျက်ချမှု
ကိုယ်ဝန်ဖျက်ချခြင်းကို ကျွန်တော်ကိုယ်တိုင်လည်း အားမပေးပါ။ သို့သော် အဆိုပါ အမျိုးသမီးများကို ကိုယ်ဝန်မဖျက်ချအောင် ကျွန်တော်တို့ မတားဆီးနိုင်ပါ။ ကိုယ်ဝန်ဖျက်ချသူများကိုလည်း ကျွန်တော်တို့ ဖမ်းခွင့်မရှိပါ။ ကျွန်တော်တို့က ရဲမှ မဟုတ်ဘဲ။ အဲဒီတော့ ကျွန်တော်တို့လုပ်နိုင်တဲ့ဆေးပည
Posted by ဇီဝက (ဆေး-၂)
No comments:
Post a Comment