လူသားတစ်ယောက်အနေနဲ့ ကျန်းမာသန်စွမ်းဖို့ ၊ ဥာဏ်ရည်မြင့်မားဖို့ ၊ ကြီးထွားရှင်သန်ဖို့ အတွက် မိခင်နို့ရည်ဟာ အလွန်အရေးပါလှပါတယ်။ မိခင်ရဲ့ စေတနာ ၊ မိခင်ရဲ့ မေတ္တာ ၊ အကြင်နာတွေ ၊ မိခင်ရဲ့ အသွေးအသားတွေနဲ့ဖွဲ့စည်းထားတဲ့ နို့ရည်တစ်စက်ကိုသောက်သုံးပြီး လောကကြီးအလယ်မှာ လူရယ်လို့ရပ်တည်လာခဲ့ကြပါတယ်။ မိခင်နို့ရည်ရဲ့ တန်ဖိုးဟာ အလွန်ကြီးမားလှပါတယ်။ မိခင်တို့ရဲ့ မေတ္တာတရားတွေကတော့ အနှိုင်းအဆမဲ့ မွန်မြတ်လှပါတယ်။ သို့သော် ယခုမျက်မှောက်ကာလမှာ တစ်ချို့၊ တစ်ချို့သော မိခင်တွေအတွက် မိမိတို့ရင်သွေးကို နို့ချိုတိုက်ကျွေးဖို့ အခက်အခဲတွေရှိလာပါတယ်။ တစ်ချို့က မိသားစုစားဝတ်နေရေးကို အကြောင်းပြသလို ၊ တစ်ချို့ကလည်း မိမိလို့ အလှအပ ပျက်မှာစိုးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မိမိတို့ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးဖို့ ၀န်လေးနေကြပါတယ်။ ငြင်းဆန်နေကြပါတယ်။ နို့ချိုတိုက်ကျွေးခြင်းကြောင့်
မိခင်နို့ရည်ဖြစ်ပေါ်လာပုံအဆင့်ဆ
မိခင်နို့ရည်ဖြစ်ပေါ်လာပုံသိရှိဖ
၁။ Alveolus
၂။ Milk duct
၃။ Lactiferous tubules or Lactiferous ducts
၎။ Lactiferous sinuses
တို့ပဲဖြစ်ပါတယ်။
သားမြတ်ဖွဲ့စည်းပုံ
နို့ရည်စတင်ထုတ်လုပ်ပေးတဲ့နေရာက
ဟော်မုန်းဓါတ်များ
ထိုသို့ နို့ရည်ဖွဲ့စည်းမှုနဲ့ ရင်သွေးငယ်သောက်စို့မှုအတွက် ဟော်မှုန်းဓါတ်တွေကလဲ အရေးပါတဲ့ အခန်းကနေပါဝင်လာပါတယ်။ အဓိက ဟော်မှုန်း ၂ မျိုးကတော့ ဦးနှောက်ရဲ့ ပစ်ကျူထရီ ( Pituitary Gland ) အရှေ့ဘက်အခြမ်းက ထုတ်လွှတ်ပေးတဲ့ Prolactin နှင့် အနောက်ဘက်အခြမ်းက ထုတ်လွှတ်ပေးတဲ့ Oxytocin တို့ပဲဖြစ်ပါတယ်။ ရင်သွေးငယ်ဟာ မိခင်ရဲ့ သားမြတ်ခေါင်းကို ငုံစို့လိုက်မယ်ဆိုရင် သားမြတ်ခေါင်းထိပ်မှာရှိတဲ့ အာရုံကြောများကတဆင့် မိခင်ဦးနှောက်အတွင်းမှာရှိတဲ့ ပစ်ကျူထရီ ဂလင်း ကို လှုံ့ဆော်ပေးပါတယ်။ ထိုအခါ ပစ်ကျူထရီ ဂလင်းများမှ ပရိုလက်တင် နှင့် အောက်စီတိုစင် ဟိုမှုန်းဓါတ်များကို စတင်ထုတ်လွှတ်ပေးပါတယ်။ Prolactin ( ပရိုလက်တင် ) က နို့ရည်ကို ဖွဲ့စည်းပေးပြီး ၊ Oxytocin ( အောက်စီတိုစင် ) က သိုလှောင်ထားတဲ့ နို့ရည်များကို ရင်သွေးငယ်သောက်သုံးဖို့အတွက် ညှစ်ချပေးပါတယ်။ ထိုသို့ ညှစ်ချပေးတာကို ( Milk down reflux ) လို့ခေါ်ပါတယ်။
ဟော်မှုန်းဓါတ်များ၏ လုပ်ဆောင်ပုံအဆင့်ဆင့်
နို့ရည်ဖွဲ့စည်းမှုဟာ ကိုယ်ဝန် ၁၆ ပါတ် မှ ၂၀ ပါတ်တွင် စတင်ခဲ့ပေမယ့် Progesterone ( ပရိုဂျက်စတီရုန်း ) ဓါတ်၏ တားဆီးမှုကြောင့် နို့ချိုထွက်ရှိခြင်းမရှိပါဘူး ။ ကလေး မီးဖွားပြီးသောအခါ ပရိုဂျက်စတီရုန်းဓါတ်တွေ လျှော့နည်းသွားပြီး နို့ရည်ဖွဲ့စည်းမှုကို လုပ်ဆောင်လာနိုင်ပါတယ်။
မိခင်နို့ရည်တွင်ပါဝင်သော ဓါတ်ပစ္စည်းများ
မိခင်နို့ရည်ဟာ ရင်သွေးငယ်တို့ ကြီးထွားရှင်သန်ဖို့အတွက် အကောင်းဆုံးသော အစာအာဟာရဖြစ်ပါတယ်။ အသက် ၄လ မှ ၆ လအထိ အခြားသော အစားအစာမကျွေးဘဲ လုံလောက်တဲ့ အာဟာရဓါတ်တွေကို ရရှိစေပါတယ်။ ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်လိုအပ်ချက်ပေါ်မှာမူတည်
မိခင်နို့ရည်မှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကတော့ -
၁။ ကာဗိုဟိုက်ဒရိတ် ( carbohydrate ) - မိခင်နို့ရည်ထဲမှာအများဆုံးပါဝင
၂။ ပရိုတင်း ( Proteins ) - ကလေးရဲ့ ခန္ဓာကိုယ်ဟာ ပရိုတင်းအများကြီး မခြေဖျက်နိုင်တဲ့အတွက် မိခင်နို့ရည်မှာ ပရိုတင်းဓါတ်အနည်းငယ်သာပါရှိပါတ
၃။ အဆီ ( Fates ) - နို့ရည်မှာ အာရုံကြောများအတွက် လိုအပ်တဲ့ ဖက်တီးအက်ဆစ် ( Polyunsaturated fatty acids) တွေပါရှိပါတယ်။ ဒါ့အပြင် အသက်ကယ် စတီးရွိုက်ဟော်မုန်း တွေဖွဲ့စည်းမှုအတွက်လိုအပ်တဲ့ အခြားသော fatty acids တွေပါရှိပါတယ်။
၎။ ဗိုက်တာမင် နှင့် မင်နရယ်ဓါတ်များ ( Vitamins and Minerals ) - အသက် ၄ လမှ ၆ လအထိ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ပမာဏပါရှိပါတယ်။ ( ဥပမာ- VitA, D, E, K , Iron, Zinc, Sodium, Potassium, Calcium ) .( မှတ်ချက် - နို့ရည်ထဲမှာ VitK ရဲ့ ပါဝင်မှုဟာနည်းပါတယ်။ ဒါကြောင့် ကလေးငယ်မွေးမွေးခြင်း VitK 1mg ကိုအသားဆေးအနေနဲ့ ထိုးပေးရပါတယ်။ VitK ဟာ သွေးခဲနိုင်မှု( Blood Coagulation ) ကိုဖြစ်စေပြီး ၊ လုံလောက်တဲ့ ပမာဏမရှိပါက သွေးယိုစီးမှုများဖြစ်တတ်သည် ။ )
၅။ အရည်ဓါတ် ( Water and electrolytes ) - ရေပါဝင်မှု ၈၈ ရာခိုင်နှုန်းရှိပါတယ်။
၆။ ခန္ဓာကိုယ်ခုခံအားကို တိုးတက်စေသောဓါတ်ပစ္စည်းများ။( ဥပမာ- IgA , Interferon )
ဒီဓါတ်ပစ္စည်းတွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားမှု ၊ ခုခံအားမြင့်မားတိုးတက်မှုတို့ကိ
နို့ရည်အမျိုးအစားများ
၁။ Closterum ( နို့ဦးရည် )
မီးဖွားပြီး ပထမ ၃ ရက်အတွင်းမှာ ထွက်တဲ့ နို့ရည်ဖြစ်ပါတယ်။ ဒီနို့ရည်မှာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ Antibodies များ ၊ ဗိုက်တာမင် ပမာဏတွေပိုမိုပါဝင်ပါတယ်။ အ၀ါရောင်သန်းပြီး ၊ အနည်းငယ်ပျစ်ပါတယ် ( yellow and thick ) ။ အနည်းငယ်သာထွက်ရှိပေမယ့် ခန္ဓာကိုယ်လိုအပ်ချက်အတွက် လုံလောက်တဲ့ ပမာဏကို ရရှိပါတယ်။ ဒီနို့ရည်ဟာ ကလေးငယ်ရဲ့ ကိုယ်ခံအားကို ပိုမိုတိုးတက်စေပြီး ရောဂါများမှ ကာကွယ်ပေးပါတယ်။ ဒီနေရာမှာ အယူအဆလွဲမှားနေတာလေးကို တင်ပြချင်ပါတယ်။ မိခင်အများစုဟာ ပထမဆုံးထွက်တဲ့ နို့ရည် အ၀ါရောင်တွေကို ကလေးငယ် ၀မ်းပျက်မှာ ဆိုးတယ်ဆိုပြီး ညှစ်ထုတ်ပြစ်တတ်ပါတယ်။ ကလေးငယ်ကို မတိုက်ကျွေးပါဘူး ။ ဒါဟာလွဲမှားတဲ့ အယူအဆတစ်ခုပါ ။ ဒီနို့ရည်ဟာ ခုခံအားကိုမြင့်မားစေတဲ့အတွက် ရောဂါများ ၊ ၀မ်းပျက်ဝမ်းလျှောခြင်းများမှလဲ
၂။ Transitional Milk
နို့ဦးရည်ထွက်ပြီး နောက် ၂ ပါတ်အတွင်း ထွက်တဲ့ နို့ရည်ကိုတော့ Transitional Milk လို့ခေါ်ပါတယ်။ အဆီနဲ့ သကြားဓါတ်တွေပိုမိုပါဝင်ပါတယ်။
၃။ Mature Milk
မီးဖွားပြီး ၂ ပါတ်နောက်ပိုင်းထွက်တဲ့ နို့ရည်တွေကိုတော့ Mature Milk လို့ခေါ်ပါတယ်။ ဒီနို့ရည်ဟာ အဖြူရောင်ဖြစ်လာပြီး ၊ နို့ဦးရည်လို ပျစ်နေတော့ပါဘူး ။ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ လုံလောက်စွာပါဝင်ပါတယ်။
၎။ Preterm Milk
ကိုယ်ဝန် ၃၇ ပါတ်မတိုင်မီ မွေးဖွားတဲ့ ကလေးတွေကို လမစေ့တဲ့ ကလေး ( Preterm ) လို့ခေါ်ပါတယ်။ လမစေ့တဲ့ ကလေးငယ်တွေကို မွေးဖွားထားတဲ့ မိခင်ကထွက်တဲ့ နို့ရည်ကိုတော့ Preterm Milk လို့ခေါ်ပါတယ်။ လမစေ့တဲ့ ကလေးတွေဟာ ပရိုတင်း၊ ဆိုဒီယမ် ၊ ကယ်လိုရီ ၊ Iron ၊ Immunoglobulins ဓါတွေပိုမိုလိုအပ်တဲ့ အတွက် Preterm Milk မှာ အဲဒီဓါတ်တွေ ပိုမိုပါရှိပါတယ်။
နို့ရည်အမျိုးအစားများ
နို့တိုက်ကျွေးခြင်းကြောင့်ရနို
နို့တိုက်ကျွေးခြင်းဟာ မိခင်ရော ၊ ကလေးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကိုရရှိပါတယ်။
ကလေးငယ်အတွက်ရရှိနိုင်သောအကျိုး
၁။ မိခင်နို့ဟာ ကလေးငယ်အတွက်လုံလောက်တဲ့အာဟာရဓါ
၂။ ကလေးငယ်၏ ခုခံအားနှင့် အာရုံကြောဖွဲ့စည်းမှုကို ကောင်းမွန်စေခြင်း ။
၃။ ကလေးငယ်၏ အစာလမ်းကြောင်းနှင့် လုပ်ဆောင်မှုကို ပြည့်စုံကောင်းမွန်စေခြင်း ။
၎။ ဦးနှောက်နှင့် အမြင်အာရုံကိုပိုမိုကောင်းမွန်ေ
၅။ ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေသောကြောင့် ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။( ဥပမာ -၀မ်းပျက်ဝမ်းလျှောခြင်း ၊ အသက်ရှုလမ်းကြောင်းရောဂါများ ) ။
၆။ ကလေးငယ်၏ သွားနှင့် မေးရိုးဖွဲ့စည်းမှုကို မှန်ကန်ကောင်းမွန်စေပြီး ၊ စကားပြောဆိုနိုင်မှုကို ကူညီပေးပါတယ်။
၇။ ငှက်ဖျားရောဂါပိုးကို ကာကွယ်ပေးသော PABA - Para Amino Benzoic Acid ပါဝင်ခြင်း ။
၈။ ကလေးငယ်၏ တွေးခေါ်နိုင်စွမ်းကို တိုးတက်စေခြင်း ။
၉။ မိခင်နှင့် ရင်သွေးကြား ချစ်ကြည်မှုကို ပိုမိုခိုင်မာစေခြင်း ။
၁၀။ Food allergies များမှကာကွယ်ပေးခြင်း ။
မိခင်အတွက်ရရှိနိုင်သော အကျိုးကျေးဇူးများ-
၁။ ငွေကြေးကုန်ကျမှုမရှိခြင်း ။
၂။ သားအိမ်ကျုံ့ အားကောင်းစေသောကြောင့် မီးဖွားပြီး သွေးဆင်းခြင်း ( Post Partum Bleedings ) များမှ ကာကွယ်ပေးခြင်း ။
၃။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်ပြီး ၀လာတတ်ပါတယ်။ နို့တိုက်ကျွေးခြင်းဖြင့် ကိုယ်ဝန်မဆောင်မီက ကိုယ်အလေးချိန်ကို ပြန်လည်ရရှိစေပါတယ်။
၎။ နို့တိုက်ကျွေးခြင်းဖြင့် ရင်သားကင်ဆာ ၊ မမျိုးဥ ကင်ဆာ ( Ovarin cancer ) ၊ သားအိမ်ကင်ဆာ နှင့် အရိုးများ ပွပြီး ကျိုးဆတ်စေသော Osteoporosis ရောဂါများမှ ကာကွယ်ပေးခြင်း ။
၅။ ရင်သွေးငယ်ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါက မိခင် မမျိုးဥကြွေခြင်း Ovulation ကိုတားဆီးပေးသဖြင့် နောက်ထပ်ကိုယ်ဝန်မရရှိနိုင်ပါ။ ထိုကာလတွင် ဓမ္မတာထိန်နေတတ်ပြီး ကိုယ်ဝန်တားဆေးများကဲ့သို့ပင် ၉၈-၉၉ ရာခိုင်နှုန်းထိ သားဆက်ခြားစေပါတယ်။ ထိုသို့သားဆက်ခြားခြင်းကို LAM - Lactational Amenorrhea Method လို့ခေါ်ပါတယ်။
၆။ ဆီးချိုရောဂါရှင် မိခင်များအတွက် Insulin အသုံးပြုရသော ပမာဏကို လျှော့နည်းစေပါတယ်။
၇။ မိခင်နှင့် ရင်သွေးကြား ချစ်ကြည်မှုကို ပိုမိုခိုင်မာစေပါတယ်။
နို့ထွက်နဲစေသောအကြောင်းအရင်းမျ
၁။ ကလေးကို ခွဲစိတ်မွေးဖွားခြင်းကြောင့် နို့ရည်ထွက်ရှိမှု နှောင့်နှေးတတ်ပါတယ်။
၂။ နို့ဗူးတိုက်ကျွေးခြင်းကြောင့်လ
၃။ ကလေးနို့ဆာနေချိန်တွင် မတိုက်ဘဲထားခြင်း။
၎။ မိခင်နို့အပြင် အခြားသော အစားအစာများကျွေးခြင်း။
၅။ သန္ဓေတားဆေးများသုံးစွဲခြင်း။
၆။ သားမြတ်နာကျင်မှုကြောင့် နို့တိုက်ကျွေးရန် စိုးရွံ့ခြင်း ( ဥပမာ- သားမြတ်ရောင်ရမ်းခြင်း ၊ သားမြတ်ခေါင်းကွဲခြင်း ၊ အနာဖြစ်ခြင်း ) ။
ဘယ်အချိန်မှာ နို့စတင်တိုက်ရမလဲ
စောနိုင်သမျှစောစောတိုက်ကျွေးရပ
တစ်နေ့ဘယ်နှစ်ကြိမ်တိုက်ကျွေးရမ
ကလေးဆာသော အချိန်တိုင်းတိုက်ကျွေးပါ။ အနည်းဆုံး တစ်နေ့ကို ၇ ကြိမ်မှ ၁၁ ကြိမ်ထိ တိုက်ကျွေးရပါမယ်။
ဖြည့်စွက်စာ လိုအပ်ပါသလား
ကလေး အသက် ၄ လမှ ၆ လအထိ မိခင်နို့ရည်တစ်မျိုးတည်းသာ လိုအပ်ပါတယ်။
နို့တိုက်ကျွေးစဉ်ရှောက်ကြဉ်ရမည
ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း တို့ကိုရှောင်ကြဉ်ရပါမယ်။ ကင်ဆာဆေးသုံးစွဲနေသူများအနေနဲ့ နို့တိုက်ကျွေးခြင်းမပြုသင့်ပါဘ
ဘယ်အခါမှာဖြည့်စွက်စာ ကျွေးသင့်ပါသလဲ
ကလေးငယ်အသက် ၄ လကျော်လာလျှင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် အာဟာရ ပိုမိုလိုအပ်လာသဖြင့် မိခင်နို့အပြင် အခြားဖြည့်စွက်စာများကိုလဲ စတင်ကျွေးမွေးသင့်ပါတယ်။
ကလေးကိုယ်အလေးချိန်ဘယ်လောက်တက်သ
နို့တိုက်ကျွေးနေသောကလေးများအနေ
အသက် ၄ လ အထိ တစ်ပါတ်လျှင် ၁၇၀ ဂရမ်
အသက် ၄ လမှ ၆ လအထိ တစ်ပါတ်လျှင် ၁၁၃ မှ ၁၄၂ ဂရမ်
အသက် ၆ လမှ ၁ နှစ်အထိ တစ်ပါတ်လျှင် ၅၇ ဂရမ်မှ ၁၁၃ ဂရမ် ။
အကြမ်းဖျင်းအားဖြင့် အသက် ၄ လအချိန်တွင် မွေးဖွားစဉ်က ရှိသော ကိုယ်အလေးချိန်ထက် ၂ ဆ ရှိရပါမယ်။
Exclusive Breast Feeding
Exclusive breast feeding ဆိုတာ တခြားအစား အစာများ မကျွေးဘဲ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေ
လုပ်ငန်းခွင်ဝင်သော မိခင်များဘယ်လိုနို့တိုက်ကျွေးမ
လုပ်ငန်းခွင်ဝင်သော မိခင်များအနေနဲ့ မိမိရင်သွေးကို ဆက်လက်နို့တိုက်ကျွေးလို့ရပါတယ်
ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး ရက်သတ္တပါတ်
နှစ်စဉ် သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိ ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး ရက်သတ္တပါတ်အဖြစ်သတ်မှတ်ပြီး နိုင်ငံအသီးသီးတွင် မိခင်နို့တိုက်ကျွေးရေးလုပ်ငန်း
ယခုနောက်ပိုင်းဖွံ့ ဖြိုးတိုးတက်လာသောကာလတွင် မိခင်နို့တိုက်ကျွေးမှုမှာနည်းပါ
၁။ နို့မှုန့်နှင့် နို့အစားထိုးပစ္စည်းများကို ကြော်ညာခြင်းမပြုရ။
၂။ ထိုပစ္စည်းများကို မိခင်များသို့ နမူနာ မဖြန့်ဝေရ ။
၃။ နမူနာပေးခြင်း ၊ ဈေးလျှော့ခြင်းကဲ့သို့သော အရောင်းမြှင့်တင်ခြင်းမျိုးမလုပ
၎။ နမူနာများကို ကျန်းမာရေးဝန်ထမ်းများအား မပေးရ။
၅။ ဗူးခွံများတွင် ကလေးငယ်ပုံများ ၊ နို့အစားထိုးပစ္စည်းများကို ကြော်ညာသည့် စာတမ်းများရေးသားခြင်းမပြုရ။
ကုမ္ပဏီများ ၊ ထုတ်လုပ်သော စက်ရုံများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသော ဥပဒေများအရ အရေးယူခြင်းခံရပါမယ်။ ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ရင်သွေးငယ်တို့ ဘ၀ ကျန်းမာရှင်သန်စေဖို့အတွက် မိခင်နို့တိုက်ကျွေးကြပါလို့ နှိုးဆော်လိုက်ရပါတယ်။
လေးစားစွာဖြင့် -
စိုးသီဟ
ကိုးကားစာရင်း : -
၁။ Ghai Essential Pediatrics , 5th edition.
၂။ http://en.wikipedia.org/wiki/
၃။ http://www.nes.scot.nhs.uk/
၎။ http://www.fertilityuk.org/
၅။ http://www.growingwell.com/
၆။ http://www.faqs.org/nutrition/
၇။ http://www.mamadearest.ca/en/
၈။ http://www.youtube.com/
၉။ www.youtube.com
Posted by စိုးသီဟ
No comments:
Post a Comment