စာအုပ်စာပေလု့မိတ်ဆွေ

Tuesday, August 5, 2014

ဆေးရုံများမှ ကူးစက်ရောဂါများ သတိထား

ဆေးရုံ၊ ရဲစခန်း၊ တရားရုံး တို့သည် လူမစည်ကား ရာ အရပ်များဟု ရှေးလူကြီးတို့ ဆိုခဲ့ ကြဖူး ပါသည်။ ထိုနေရာ တို့မှာ လူရှင်းလေ၊ အားလုံး အတွက် ကောင်းလေ သဘောဖြစ်ပြီး၊ လူရှုပ်လေစိတ်ပျက် စရာ ဖြစ်လေ ဖြစ်သည်။ ဆေးရုံ များတွင် စားပွဲကို မခေါက် ပါနှင့်၊ စားပွဲကို ခေါက်လျှ င်လူနာ လာတတ် သည်။ မော်ကျူရီ ခေါ် ရင်ခွဲရုံကို သန့်ရှင်း ရေး မလုပ်နှင့်၊ အလုပ် များတတ်သညဟူ၍ အယူအဆ များ ရှိခဲ့ ကြဖူးသည်။

တိုက်ဆိုင်မှု များကို အစွဲပြုကာ ထိုအယူအဆများ ခိုင်ခိုင် မာမာ ဖြစ်ခဲ့ဟန် တူပါသည်။ လူမရှုပ်သော ဆေးရုံများ ရှိသလို၊ လူရှုပ်သော ဆေးရုံကြီး များ လည်းရှိပါသည်။ အထူး သဖြင့် ပုဂ္ဂလိက ဆေးခန်းကြီးများဟု ခေါ်သော ဆေးရုံ အမျိုးအစား များမှာလူအ တော်ရှုပ် ပါသည်။ ကားရပ်ရန် နေရာပင် ရှားရှားပါးပါး။ ဆေးရုံ အတွက် ဥယျာဉ်၊ ဝင်းခြံတို့မှာလည်း မရှိသလောက် ဖြစ်သည်။ နာမည် ကြီးမြို့တွင်း၊ မြို့လယ်ဆေးရုံ၊ ဆေးခန်းကြီး တို့ မှာဆရာဝန်ကြီးများ လာသည့် အချိန်များ ဆိုလျှင် လူရှုပ် လူကျပ်လှ ပါသည်။ ကိုယ့်ဆရာ ရှိရာ လူနာတို့က အလုအယက် ပြေးလွှား တိုးဝှေ့လာ ကြရသည်။ ကြိုတင် တိုကင် ယူထား မှလည်း စိတ်ချရသည်။ တိုကင် ရထားပေ မယ့် ကြားဖြတ် ဝင်ကြသူများ၊ အထူး ဝင်ခွင့် ရကြသူများ ရှိရာအတော်လေး နော က်ကျ မှသာ ဝင်ခွင့် ရကြသည်။

အချို့ ဆေး ခန်းကြီး များမှာ ဆိုလျှင် မိမိ ပြလိုသော ဆရာဝန်ကြီးနှင့် တွေ့ခွင့် ရရန် (တိုကင်လည်း မရထား ပါက) အရေးပေါ် (အင်မာဂျင်စီအခန်း) အခန်းတွင် လှဲအိပ် စောင့်ဆိုင်း၍ ရသည်။ ထိုသို့သော လူနာ များကို စုပြီး ဆရာဝန်ကြီးကအထူး အခွင့်အရေြး ဖင့် အမြန် လာကြည့် ပေး သည်။ အရေး ပေါ်၊ အရေးမကြီး စေကာမူဆရာဝန်နှင့် တွေ့ရန် ရှည်ရှည် လျားလျား မစောင့် ရတော့ဘဲ အချိန်တို အတွင်း ပြသခွင့် ရသည်။

အချို့မှာ တကယ် အရေးပေါ်၍ တကယ် လည်း ဆေးရုံတက် သင့်သူများ ဖြစ်သည်။ ထိုသူတို့ သည်လည်း ထိုအရေးပေါ် အခန်းသို့ တန်းဝင်၍ တာဝန်ကျ ဆရာဝန်၏ စမ်းသပ် စီစဉ်မှုဖြင့်ဆေးရုံတက် နိုင်သည်။ သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး များ၏ သဘောတူချက် ဖြင့်လည်းဆေးရုံတက် နိုင်သည်။ ဆေးရုံမှာ အခန်း ၅၀ ရှိလျှင် များသော အားဖြင့် အားလုံး ပြည့်နေတတ်သည်။ အခန်းတိုင်း အတွက် အသစ် ဝင်မည့် သူများက အသင့် စောင့်ဆိုင်းလျက် ရှိကြသည်ချည်းပင်။ အခန်း မရ သေးသူများ အဖို့ ရရာ အခန်း၊ ခုတင် တို့မှာ ဖြစ်သလို နေထိုင် စောင့်ဆိုင်းကြရသည်။ အခန်း လွတ်ပြီ ဆိုသည်နှင့် အပြေးအ လွှား နေရာယူမှ မိမိ အခန်း ရမည် ဖြစ်သည်။

သို့နှင့် ပုဂ္ဂလိက ဆေးခန်းကြီး၊ ဆေးရုံကြီး တို့မှာ အပြင်လူနာ မပြတ်သလို၊ အတွင်း လူနာ ကလည်း ကြိတ်ကြိတ် တိုးလျက် ရှိနေသည် သာ ဖြစ်သည်။ ဆေးရုံမှ တာဝန် ရှိသူများ၊ ဝန်ထမ်းများကလည်း လူနာများ၊ ဆရာဝန်များ အဆင်ပြေစေဖို့ အထူး ကြိုးပမ်းနေ ကြမည် ဖြစ်သည်။နေ့ဆိုင်း၊ ညဆိုင်း အဆိုင်း အသီးသီးဖြင့် ဝင်ထွက် သွားလာ လုပ်ကိုင် နေကြသည့် ဝန်ထမ်းကလေး များကိုလည်း အရေအတွက် များစွာ တွေ့ရပါသည်။ သူတို့ လေးတွေလည်း ပြေးလွှားလုပ်ကိုင် နေကြပါသည်။ သို့သော် လူရှုပ် သော ဆေးဌာနများ အတွက် သတိပြုစရာ အချက်တစ်ခု၊ ယင်းမှာ Super bug၊ ယင်းကို သတိ ပြုဖို့တော့ ဆိုချင် ပါသည်။ မိကျောင်းမင်း ရေခင်းပြသည်ဟု မထင်စေလိုပါ။အပြုသဘော နှင့် အကြံ ပေးလိုခြင်းသာ ဖြစ်ပါသည်။

အများ သိပြီး ဖြစ်သည့် အတိုင်း Super bug ဆိုသည်မှာ ဆေးမတိုးသော ကူးစက် ရောဂါပိုး၊ ဆေးရုံများ မှာပေါက်ပွား ပျံ့နှံ့နေသော ရောဂါ ပိုးမျိုး ဖြစ်သည်။ ယင်းသည် အချို့ နိုင်ငံတို့တွင် အဓိက ကျန်းမာရေး ပြဿနာ တစ်မျိုးပင် ဖြစ်လာ နေချေပြီဟု သိရသည်။ အထူးသဖြင့် MethicillinResistant Staphylococcus Aureus (MRSA) မီသီစီလင် ယဉ်ပါး စတက်ဖိုင်လို ကောကပ်(စ်)အောရီးယပ်စ် အမည်ရှိ ဗက်တီးရီးယားပိုး ဖြစ်သည်။

သန့်ရှင်း လှပါသည် ဆိုသော စင်ကာပူ နိုင်ငံရှိ ပြည်သူ့ ဆေးရုံကြီးများတွင် ၂၀ဝ၂ ခုနှစ်က လူ ၁၀ဝ၀ မှာ ၃ ဦးနှုန်း ပျံ့နှံ့ကူးစက်ခဲ့သည်။သန့်ရှင်းရေး လုပ်ငန်းများ ကို ပိုမို တင်းကျပ် ဆောင်ရွက်ခဲ့ သဖြင့်၂၀ဝ၈ ခုနှစ်တွင် လူ ၁၀ဝ၀ မှာ ၂ဒသမ ၁ ဦးနှုန်းသို့ ကျ ဆင်း သွားကြောင်း သိရသည်။စင်ကာပူ နိုင်ငံ၏ နာမည်ကြီး ဆေးရုံကြီး တစ်ခုတွင်ပင် ၂၀ဝ၃ ခုနှစ်က လူ ၁၀ဝ၀ မှာ ၄ ဒသမ ၂ဦးနှုန်း MRSA ပိုး ကူးစက် ခံခဲ့ရရာမှ ၂၀ဝ၈ ခုနှစ်တွင် ၁ ဒသမ ၆ ဦးနှုန်းသို့ ကျဆင်းခဲ့သည်။ထို့အပြင် စင်ကာပူရှိ အခြား ဆေးရုံကြီး အချို့ မှာလည်း အလားတူ MRSA ရောဂါပိုး ပျံ့နှံ့နေကြောင်း စစ်ဆေး တွေ့ရှိ ကြသည်။ အဆိုပါ MRSA ရောဂါပိုးသည် မသန့်ရှင်းသောအသုံးအဆောင်များ၊ ကူးစက် ရောဂါ ရှိသော လူနာများ၊ ရောဂါ လက္ခဏာ မပြဘဲ ကူးစက်ရောဂါပိုးကို သယ်ဆောင်နေသူ (Carrier) များ စသည်တို့နှင့် ထိတွေ့ မိရာမှ ကူးစက် ပျံ့နှံ့တတ်ပါသည်။ အဆင့်မြင့် နောက်ဆုံးပေါ် ပဋိဇီဝ ဆေးမျိုးစုံ ကိုပင် အန်တုနိုင်၊ ဆေးမတိုး ယဉ်ပါးနေနိုင်သည့် ကြောက်စရာ ရောဂါပိုး တစ်မျိုး ဖြစ်ပြီး ကူး စက် ခံရသူ၊ နဂိုကပင် လူနာ ဖြစ်နေသူတို့အား အသက် အန္တရာယ် ပြုနိုင်သည့် ရောဂါပိုး တစ်မျိုး ဖြစ်ပါသည်။ ဆေးရုံတွင်ရက်ကြာကြာ နေရသူများ၊ မကြာခဏ ဆေးရုံ တက်ရသူ များမှာ ပို၍ ကူးစက် ခံရ လွယ်ကြောင်းသတိပြုသင့် ပါသည်။

တာဝန်ရှိသူ များက MRSA ပိုး ကူးစက်ခြင်းမှ ကာကွယ်ဖို့ အတွက် လူနာ၊ လူနာစောင့်၊ ဆေးရုံ ဝန်ထမ်းတွေ စနစ်တကျ လက်ဆေး ကြဖို့၊ အသုံး အဆောင် တွေကိုစနစ်တကျ စွန့်ပစ် ကြဖို့၊ သန့်ရှင်းမှုကို အထူး ဂရုပြုဖို့နဲ့ MRSA ပိုးရှိ၊ မရှိ သေချာစွာ စစ်ဆေးပြီးလိုအပ်သလို ဆက်လက် ဆောင်ရွက်ဖို့တွေ လိုအပ်ပါတယ် ဟု ပြောပါသည်။ ထိုဆေးရုံကြီးသည်နေ့စဉ် အတွင်း လူနာခန်း တို့ကို ၇၀ ရာခိုင်နှုန်း၊ Intensive Care Unit အထူး ကြပ်မတ်ကုသဆောင် တို့ကို ၉၆ ရာခိုင်နှုန်း၊ ကူးစက် နိုင်ဖွယ် ရေအိမ် နှင့် အခြား နေရာများကို ရာနှုန်းပြည့်MRSA ပိုးရှိ၊ မရှိ စစ်ဆေး နေသည်ဟုလည်း သိရပါသည်။ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ မှစ၍လူနာတိုင်းကိုလည်း ထို MRSA ပိုးရှိ၊ မရှိ စစ်ဆေးတော့ မည် ဟု ဆိုပါသည်။ စိတ်ဝင်စားစရာကောင်းသည့်အချက်က ဆေးရုံဝန်ထမ်းအားလုံး- အကြီး၊ အလတ်၊ အငယ် တန်းသန့်ရှင်းရေးလုပ်သား ဝန်ထမ်း အားလုံးကိုလည်း ပိုးရှိ၊ မရှိ စစ် ဆေးပြီး ထိုသူတို့၏ လုပ်ငန်းခွင်ကျွမ်းကျင်မှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ လုပ်ငန်းခွင်အတွင်း သန့်ရှင်းအောင် ဆောင် ရွက်မှု တို့ကိုပါတင်းကျပ်စွာ စစ်ဆေးခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လွန်ခဲ့သော ၂ နှစ်က ရောဂါပိုးပျံ့နှံ့မှု ၉ ဒသမ ၃ ရာခိုင်နှုန်းရှိရာက ၂၀၁၀ ပြည့် နှစ်ဦးပိုင်းတွင် ၃ ဒသမ ၅ ရာခိုင်နှုန်း သာရှိတော့ကြောင်းအမှန်တကယ် စစ်ဆေး တွေ့ရှိ ရပါသည်။

ဆေးရုံဝန်ထမ်းတိုင်း စနစ်တကျ လက်ဆေးကြ၊ လူနာစောင့်များကို လည်း စနစ်တကျ လက်ဆေးခြင်းနှင့် အတူ ကျန်းမာ ရေးနှင့် ညီညွတ်သောပြုစုစောင့်ရှောက်မှုများကိုပါ လေ့ကျင့် သင်ကြားပေးခြင်းသည် ဆေးရုံ၏ သန့်ရှင်းမှုနှင့်အတူကူးစက်ရောဂါများ မပျံ့ပွားအောင် ကာကွယ်ရေး အတွက် များစွာ အထောက်အကူ ပြုကြောင်းသိရပါသည်။ နှစ်စဉ် မေလ ၅ ရက် နေ့သည် Hand Hygiene Day လက်ဆေးရေးနေ့ အဖြစ်ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ပြီး ပညာပေး၊ ဆော်ဩလျက် ရှိပါသည်။ လက်သည်လူ့ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံး နေရာ ဖြစ်သည်။ နေရာတကာ သူနှင့် သာ ထိတွေ့ ကိုင်တွယ်နေရရာ၊ မသန့်ရှင်းဆုံး နေရာ အမှန် ဖြစ်သည်။ လက်ချောင်း၊ လက်ဖဝါး၊ လက်သည်း၊ လက်အစိတ်အပိုင်းများ ကို အမြဲ သန့်ရှင်းအောင် ဆေးကြော နေခြင်းသည် ကူးစက် ရောဂါများကာကွယ်ရေး အတွက် သာမက လူတိုင်း အသက် ရှည် ကျန်းမာရေး အတွက်ပါ အထောက်အကူပြုသော အလေ့အထ ကောင်းတစ်ခု ဖြစ်ပါသည်။

ဆေးရုံကြီးများ၊ ဆေးခန်းကြီး များမှာ လူရှုပ် လာသည်နှင့်အတူ နောက်ဆက်တွဲ ပြဿနာ များ ဝင်ရောက် လာနိုင်သဖြင့် ဆေးရုံ၊ဆေးခန်းများ၏ သန့်ရှင်းရေး၊ ယင်းနှင့် ဆက်စပ် နေသော လူသား အားလုံး၏ သန့်ရှင်းရေး တို့ကိုအထူးကြပ်မတ် သတိပြု ဆောင်ရွက် သင့်ပေ သည်

 ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)
sources; Health Digest Journal.

No comments:

Post a Comment