ဟိုး အရင်တုန်းက ကလေးတွေမှာ ဝက်သက် ပေါက်ပြီ ဆိုရင် အဖျား ကြီးပြီး ထမထိုင်နိုင်လောက်အောင် တုံးခနဲ အိပ်ရာ ထဲလဲပြီး ဘာမှ မစား မသောက်နိုင်၊ ခေါင်းတွေကိုက်၊ ညောင်းညာ ကိုက်ခဲ၊ နှာရည်တွေ ကျနဲ့ ကလေး တွေကို ကြည့်ရတာ သနား စရာလေးတွေ ဖြစ်ခဲ့ရပါတယ်။ မိမိ ကလေး ဝက်သက် ပေါက်တဲ့ အခါ အနီဖု လေးတွေ စုံလင် လာမှ အဖျား ကျတတ်တာမို့ လူကြီးတွေ အဖို့ ဝက်သက် ဖုလေးတွေ စုံအောင် ကြက်ဥကျွေး၊ ပုစွန်ခြောက်ကျွေး၊ သူပြော ငါပြော အရပ် စကားတွေနဲ့ စိုးရိမ်ကြီးပြီး ကလေးတွေကို ပြုစုခဲ့ ကြရပါတယ်။ အဖျားကျတာတောင် ချောင်း တဟွတ်ဟွတ် ဆိုးတာ ကျန်ရစ်ခဲ့ ပါတယ်။
တချို့ ကလေးတွေဆို ဝက်သက်ဝမ်း လို့ခေါ်တဲ့ ဝမ်းပျက် ဝမ်းလျှော ဝေဒနာလည်း ခံစား ကြရပါတယ်။ ဒါဟာ လွန်ခဲ့သော နှစ်ငါးဆယ် ကျော်လောက်က တကယ့် အဖြစ်အပျက် တွေပါ။ ဒါပေမယ့် ဆေးပညာခေတ်မီ တိုးတက် ဆန်းပြား လာတဲ့ အလျောက် ဝက်သက် ကာကွယ်ဆေး အပါ အဝင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ကာကွယ် ဆေးတွေ၊ ပိုလီယို ကာကွယ်ဆေးတွေ၊ အသည်းရောင် အသားဝါ B
ပိုး ကာကွယ် ဆေးတွေ၊ ဂျာမန် ဝက်သက် ကာကွယ် ဆေးတွေ စသည်ဖြင့် အသီးသီး ထုတ်လုပ်လာနိုင်တဲ့ အခါမှာ ဖော်ပြခဲ့တဲ့ ဆိုးဝါးတဲ့ ကူးစက် ရောဂါတွေကို ဟန့်တား ဖြတ်ကျော် လာနိုင်ပြီ ဖြစ်ပါတယ်။ ၂၀ဝ၈ ခုနှစ်မှာ ၁၆၄,ဝ၀ဝ ဦးထိ သေဆုံးမှု လျော့ကျ သွားခဲ့ပါတယ်လို့ သိရပါတယ်။
အကယ်၍ တစ်ကမ္ဘာလုံး ဆိုင်ရာ ကာကွယ် ဆေးထိုး စီမံချက် ကျွမ်းကျင် ပညာရှင်များက ၀က်သက် ကာကွယ် ဆေးထိုး လုပ်ငန်း တွေကို ထောက်ပံ့ နေတဲ့ ရန်ပုံငွေအား ဖြတ်တောက်ပစ်မည် ဆိုပါက ၀က်သက် ရောဂါကြောင့် သေဆုံးနှုန်း တွေလည်း ပြန်လည် ထကြွ နိုးကြားလာမှာ ဖြစ်တယ်လို့ ကုလသမဂ ကလေးများ ရန်ပုံငွေ အဖွဲ့မှ အမှု ဆောင် ဒါရိုက်တာ Ann M.Veneman က သတိပေး လိုက်ပါတယ်။
ဗီနီမန်ရဲ့ ပြောပြချက် အရ အချို့ ဒေသများမှ လွဲ၍ ကမ္ဘာ့ဒေသ အားလုံးမှာ ၂၀ဝ၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ် အတွင်း ဝက်သက် ရောဂါကြောင့် ကလေးများ သေဆုံးနှုန်း ၉၀ ရာခိုင်နှုန်း ထိ ကျဆင်း စေရေး ရည်မှန်းချက် သည် ၂ နှစ်တာ ကာလ အတွင်းမှာပင် ရည်မှန်းချက် ပစ်မှတ်ကို ကျော်လွန် သွားနိုင်ခဲ့ ပါတယ်လို့ ဆိုပါတယ်။ ကလေး ဦးရေ ပေါင်း သန်း ၇၀ဝ ခန့်အား ဝက်သက် ကာကွယ် ဆေးထိုး ပေးခြင်း အားဖြင့် ဆယ်စုနှစ် တစ်ခုထက်မနည်း အချိန် ကာလ အတွင်း ခန့်မှန်းခြေ ကလေး ဦးရေ ၄.၃ သန်းခန့်အား ဝက်သက်ရောဂါကြောင့် သေဆုံးခြင်းမှ ကာကွယ် နိုင်ခဲ့ပါတယ်ဟု ဗီနီမန်က ရှင်းပြ လိုက်ပါတယ်။ သို့ပေမယ့် အရှေ့တောင် အာရှ ဒေသမှာ ရည်မှန်း ချက် မပြည့် ဝတဲ့ ဒေသများ ရှိတယ်လို့ ဆိုတယ်။ အဲဒီ ဒေသတွေ ကတော့ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ဖြစ်ပါတယ်။
ဖော်ပြပါ ဒေသများတွင်၂၀ဝ၀ ပြည့်နှစ်မှ ၂၀ဝ၈ ခုနှစ် အထိ ဝက်သက် ရောဂါကြောင့် ကလေးသေဆုံးမှုသည် ၄၆ ရာခိုင်နှုန်း သာလျှင် ကျဆင်းခဲ့ ပါတယ်။၂၀ဝ၈ ခုနှစ် အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးရတဲ့ ကလေး ၄ ဦးအနက် ၃ ဦးသည် အိန္ဒိယ နိုင်ငံမှ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ဟာ နောင်နှစ်များတွင် တရုတ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက် နမ်၊ နိုင်ဂျီးရီးယားနှင့် အီသီယိုး ပီးယား နိုင်ငံတွေမှာ အမျိုးသား ကာကွယ် ဆေးထိုး လုပ်ငန်းများ ပြုလုပ်ရန် စီမံကိန်း ရေးဆွဲနေပါပြီလို့ ရှင်းပြခဲ့ ပါတယ်။
သို့သော် ၂၀၁၀ ပြည့်နှစ် လွန်ခဲ့တဲ့ ၂၀ဝ၀-၂၀ဝ၈ ခုနှစ် အတွင်း ကမ္ဘာတစ်ဝန်းလုံးမှာ ဝက်သက် ရောဂါကြောင့် သေဆုံးရတဲ့ နှုန်းဟာ ၇၈ ရာခိုင်နှုန်း ကျဆင်း သွားပြီ ဖြစ်ပါတယ်။ သို့သော် ကမ္ဘာပေါ်မှာ ဝက်သက် ရောဂါ ကြောင့် ကလေးပေါင်း ၄၅၀ ခန့် နေ့စဉ် သေဆုံး နေရပါ သေးတယ်။ ဝက်သက် ရောဂါကြောင့် ကလေးတွေ သေဆုံးရတဲ့ နှုန်းဟာ သိပ်ကိုများနေသေးကြောင်း တွေ့ရှိ ရပါတယ်။
ဒီ အချက်အလက် များဟာ ဆွစ်ဇာလန် နိုင်ငံ အခြေစိုက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က တရားဝင် ထုတ်ပြန် ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။ ခန့်မှန်းခြေ အရ ၂၀ဝ၀ ပြည့် နှစ်မှာ ဝက်သက် ရောဂါကြောင့် ကလေးပေါင်း ၇၃၃,ဝ၀ဝ ဦး သေဆုံးခဲ့ရာ ကနေ အတွက် ဝက်သက် ကာကွယ်ရေး ပဏာမ ခြေလှမ်း အနေဖြင့် ရန်ပုံငွေ ကွာဟချက် အမေရိကန် ဒေါ်လာ ၅၉ သန်းကို ရင်ဆိုင် ဖြေရှင်း နေရတယ်လို့ ဆိုပါတယ်။
အဆိုပါ ကွာဟချက်ကို ရင်ဆိုင် ဖြေရှင်းခြင်း မပြုလုပ်နိုင်ပါလျှင် ဤကွာဟချက် အရင်းအမြစ်က ဝက်သက် ရောဂါကြောင့် သေဆုံး ရမှုများကို ပြန်လည် နိုးကြား ထကြွလာ စေလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က တရားဝင် ရှင်းလင်း ပြောပြခဲ့ပါတယ်။
ဒေါက်တာရည်ညွှန့်မေ
Source : Health Digest News Journal
No comments:
Post a Comment