စာအုပ်စာပေလု့မိတ်ဆွေ

Sunday, October 19, 2014

ပန်းသီး၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ

ကောင်းကျိုးများ    

ပန်းသီးတွင် ပါဝင်သော Quercetin  ဓာတ်သည် စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခု ဖြစ်ပြီး ဦးနှောက်ဆဲလ်များအိုမင်းခြင်းကို ကာကွယ်ပေးသည်။ ပန်းသီးတွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သောကြောင့် ၀မ်းမှန်မှန်သွားစေပြီး အူမကြီးကင်ဆာရောဂါကို ကာကွယ်ပေးသည်။ ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ်များကြောင့် အစာချေဖျက်ချိန် ကြာမြင့်စေပြီး သွေးတွင်းသို့ အချိုဓာတ်ဝင်ရောက်မှုနှေးကွေးစေသည်။ ထို့ကြောင့် ဆီးချိုရောဂါရှိသူများအတွက် သင့်တော်သည့် အစာဖြစ်သည်။ ပန်းသီးကို ကိုက်သည့်၊ ၀ါး သည့်အခါ သွားဖုံးကို လှုံ့ဆော်ပေးပြီး ပန်းသီး၏အချိုဓာတ်ကြောင့် သွားရည်ထွက်ရှိမှုများစေသည်။ထို့ကြောင့် သွားပိုးပမာဏကို လျော့ချပေးပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးသည်။ ကယ်လိုရီပါဝင်မှုနည်းပါးပြီး Pectin ဓာတ်များပါဝင်သောကြောင့် ဆိုးကျိုးပေးသည့် LDL  ကိုလက်စထရောကို လျော့ကျစေကာ သွေးတွင်းအဆီ ဓာတ်ပုံမှန်ဖြစ်စေရန် ထိန်းပေးသည်။

ဆိုးကျိုးများ

ပန်းသီးစိုက်ပျိုးသည့်အခါ ပိုးကိုက်သည့်ဒဏ်ကို အခြားစိုက်ခင်းများထက် ပိုခံရလေ့ရှိသောကြောင့် ပိုးသတ်ဆေးအထပ်ထပ် ဖြန်းထားလေ့ရှိသည်။ ပန်းသီးမစားမိခင် ရေအထပ်ထပ်ဆေးပါ။ ပန်းသီးကို အခြောက်ခံထားသည့် ပန်းသီးခြောက်သရေစာတွင် အစိုမပျံစေရန် ဆာလဖာဒိုင်အောက်ဆိုက်ဒ်များပါဝင်လေ့ရှိရာ ဆာလဖာ နှင့်မတည့်သူများတွင် ဓာတ်မတည့် ရောဂါလက္ခဏာများခံစားရတတ်သည်။ E-coli  ပိုးနှင့် Cryptospodium့ ပိုးများသည် ပန်းသီးဖျော်ရည်ကို ပိုမိုနှစ်သက်ကြသောကြောင့် ကိုယ်ခံအားနည်းတတ်သူ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနှင့် ပိုးသတ်ပြီး(Pasteurized )ဖျော်ရည် ဖြစ်စေ၊ လတ်လတ်ဆတ်ဆတ်ဖျော်ရည်ကိုဖြစ်စေ ဦးစားပေးသောက်သုံးသင့်သည်။

ဇော်ကို
Ref:RD

No comments:

Post a Comment