စာအုပ်စာပေလု့မိတ်ဆွေ

Wednesday, August 12, 2015

*** သတိပြုစရာ အယ်လ်ဇိုင်းမားရောဂါ ***

အယ်လ်ဇိုင်းမားရောဂါဆိုတာဟာ ဦးနှောက်ဇရာအကြို(ခေါ်)အရွယ်မတိုင်မှီ
သတိမေ့တဲ့ရောဂါအမျိုးအစားဖြစ်ပြီး ၄င်းရောဂါဖြစ် ပွားပါက မှတ်ဥာဏ်တွေ၊
အတွေးအခေါ်တွေနဲ့  အပြုအမူတွေကိုမေ့လျော့သွားပါတယ်။ ယေဘုယျအားဖြင့်
အယ်ဇိုင်းမားရောဂါ ဟာ အသက်ကြီးသူတွေမှာသာဖြစ်လေ့ရှိပြီး၊ အသက်ကြီးလာလေ
ရောဂါဖြစ်နိုင်ချေပိုများလာလေလို့  သိထားကြပြီးဖြစ်ပါတယ်။ သို့ သော်
ယင်းအချက်မှာ ယခုတော့ ရာနှုန်းပြည့်မမှန်တော့ပေ။ ဘာကြောင့်လဲဆိုရင် ယနေ
့ကမ္ဘာမှာ အယ်လ်ဇိုင်းမား ရောဂါဖြစ် ပွားမှုနှုန်းဟာ ငယ်ရွယ်သူတွေမှာလည်း
ဖြစ်ပွားလာတာကို တွေ့ ရပါတယ်။


အယ်လ်ဇိုင်းမားဖြစ်ပွားလျှင် ဦးစွာပထမအနေဖြင့် မှတ်ဥာဏ်တွေနည်းလာပြီး
မကြာခဏသတိမေ့လျော့တာတွေ၊ ကျိုးကြောင်း သင့်လျော်စွာ
ပိုင်းခြားဝေဖန်နိုင်စွမ်းအား ကျဆင်းသွားတာတွေ ဖြစ်လာပါတယ်။
ရောဂါပိုဆိုးလာချိန်မှာ ဘာသာစကား ပြောဆို နိုင်စွမ်းမရှိတော့ခြင်း၊
မှတ်ဥာဏ်ဆုံးရှုံးမှု ပိုမိုဆိုးရွားလာခြင်း၊ ချစ်ခင်ရတဲ့
မိသားစုဝင်များ(သို့ )သူငယ်ချင်းများကို မေ့လျော့ သွားခြင်း၊
လတ်တလောအဖြစ်အပျက်အသစ်များကိုပင် မှတ်သားနိုင်စွမ်းမရှိတော့ဘဲ
အဆုံးသတ်မှာ မှတ်ဥာဏ်လုံးဝဆုံးရှုံး သွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အကယ်၍
မိသားစုထဲမှာ ထိုရောဂါဖြစ်ဖူးတဲ့ ရာဇ၀င်ရှိပါက မိမိမှာလည်း
အယ်လ်ဇိုင်းမားရော ဂါ ဖြစ်နိုင်ခြေ အဆမတန်ပိုများလေပါဘဲ။ အချစ်ရေး(သို
့)အိမ်ထောင်ရေး အဆင်မပြေခြင်း၊ အလုပ်ထဲမှာ အထက်လူ ကြီး(သို
့)လုပ်ဖော်ကိုင်ဖက်(သို့ )အောက်လက်ငယ်သားတွေနဲ့ အဆင်မပြေခြင်း၊
မိမိခံနိုင်ရည် စွမ်းအားထက် ကျော်လွန်၍ ဦးနှောက် အလုပ်လုပ်ရခြင်း၊
အထီးကျန်စိတ်အားငယ်လာပြီး စိတ်ဓာတ်ကျခြင်း၊ ရက်လတာရှည် အိပ်ရေးပျက် အိပ်
ရေးမ၀ခြင်း စသည်တို့ ကြောင့် အရွယ်မတိုင်ခင် ဦးနှောက်ဇရာကြိုရောဂါ
ဖြစ်လာနိုင်ပါတယ်။ ထိုရောဂါစွဲကပ်နေတာကို စောစီး စွာသိရပါက
ထိရောက်တဲ့ကုထုံး ကောင်းမွန်တဲ့ဆေးဝါးများဖြင့် ကုသထားရင် ရောဂါပျံ့ နှံ
့မှုအားကို အချိန်မှီထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်
မိမိကိုယ်ကိုစမ်းစစ်တဲ့အခါ အထက်ပါ ရောဂါလက္ခဏာတွေ ကြုံတွေ့ လာပါက
သက်ဆိုင်ရာဆရာဝန်များ ဖြင့် ဆွေးနွေးတိုင်ပင်ကာ
စောစီးစွာဆေးကုသမှုခံယူထားသင့်ပါတယ်။
ထိုရောဂါစမ်းသပ်ရာမှာ (က) စိတ်အခြေအနေကို စစ်ဆေးသည့်နည်း (ခ)
အဆင့်မြင့်ဓာတ်မှန်နည်းပညာတွေ သုံး၍ စစ်ဆေး နည်း (ဂ) လူနာရဲ့ 
ဗီဇကိုစစ်ဆေးသည့်နည်း (ဃ) Biomarks(ခေါ်)သွေးထဲရှိ ဇီဝရုပ်ကြွင်းကို
စစ်ဆေးနည်း (င)Cellular Stress Response(ခေါ်)ခန္ဓာကိုယ်ထဲရှိ
ကလာပ်စည်းတွေရဲ့  ဖိနှိပ်ခံရမှု အဖြေအနေကိုခန့် မှန်းစစ်ဆေးနည်း စသည်တို
့ဖြင့် ရောဂါရှိ နေမှုအခြေအနေကို စစ်ဆေးပေးမှာဖြစ်ပါတယ်။
အောက်ဖော်ပြပါ အစားအစာလေးများ နှင့် နေထိုင်ပြုမှုပုံများက အရွယ်မတိုင်မှီ
ဦးနှောက်ဇရာအကြိုရောဂါ ဖြစ်မလာအောင် အထိုက်အလျောက် ကြိုတင်ကာကွယ်
ပေးနိုင်ပါလိမ့်မယ်။
(၁) အနီရောင်ပန်းသီးအခွံမှာပါရှိတဲ့ ဖလေဗိုနွိုက်ဓာတ်များက၊
အယ်လ်ဇိုင်းမားရောဂါအပြင်၊ ပါကင်န်ဆဲန်(ခေါ်)အကြောအား နည်း၍
ခြေတုံလက်တုံရောဂါတို့ ကိုပါ လျော့ပါးသက်သာစေပါတယ်။ ဒါကြောင့်
အနီရောင်ပန်းသီးကိုစားတဲ့အခါ အခွံပါစားပေး ပါ။ (ဒါ့ပြင် Cornell
University တွင် ကြွက်များကို
ပန်းသီးဖျော်ရည်ဖြင့်စမ်းသပ်တိုက်ကျွေးခဲ့ကြရာ၊ ပန်းသီးထဲရှိ quercetin
ဓာတ်သည် ဦးနှောက်ထဲရှိဆဲလ်များ ပျက်စီးယိုယွင်းလာခြင်းနှင့်
မှတ်ဥာဏ်ရည်ကျဆင်းလာခြင်းတို့ ကို ကာကွယ်ပေးနိုင်စွမ်းရှိ သဖြင့် အယ်လ်
ဇိုင်းမား (ခေါ်) အကြိုဇရာရောဂါကို ကာကွယ်ပေးနိုင်ကြောင်း
အတည်ပြုထောက်ခံထားပါတယ်)
(၂) တရုပ်ဇီးသီးက အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
အရွယ်တင်နုပျိုစေပါတယ်။
(၃) အယ်လ်ဇိုင်းမားဖြစ်ခြင်းမှကာကွယ်နိုင်ဖို့  နှင့်
ဦးနှောက်နှင့်ပတ်သက်သော ကင်ဆာရောဂါများမှ ကင်းဝေးစေဖို့ တို့ အတွက်
ဖောလိပ်အက်ဆစ်(ခေါ်)ဗီတာမင် B9 က မရှိမဖြစ်ပါ။ သင်္ဘော/လိမ္မော်/
ဂရိတ်ဖရု/စတော်ဘယ်ရီ/ထောပတ်သီးစတဲ့ သစ်သီး များ၊
ဟင်းနုနယ်/မုန်ညင်စိမ်း/မုန်ုလာရွက်/ကညွတ်/ပန်းဂေါ်ဖီစိမ်း(ခေါ်)ပဲတောင့်ရှည်/ဗိုစားပဲသီး/ရုံးပတီသီး
စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊
နေကြာစေ့/မြေထောက်ပဲ/ဂုန်လျှော်စေ့/ဗာဒံစေ့ စတဲ့ အခွံမာသီးအစေ့အဆံများ၊
ပန်းဂေါ်ဖီ၊ ပြောင်းဖူး၊ မုန်လာဥနီ၊ တရုပ်နံနံ၊ beet
root(ခေါ်)သကြားမုန်လာ(ခေါ်)သွေးနီရောင် အရည်ရွှမ်းတဲ့ မုန်လာဥနီအ၀ိုင်း၊
ပဲနီလေး၊ ပဲပင်ပေါက် တို့ မှာ ဖောလိပ်အက်ဆစ်ကို လုံလောက်စွာ
ရရှိနိုင်ပါတယ်။
(၄) ဗီတာမင် K က ဦးနှောက် ဇရာအကြိုရောဂါမဖြစ်စေဖို့ 
ကာကွယ်ပေးနိုင်ပါတယ်။ ပင်စိမ်းရွက်/ကိုက်လံ/ဟင်းနုနယ်/မုန်ညင်း
စိမ်း/ဆလတ်ရွက်/ပန်းဂေါ်ဖီစိမ်း/ကညွတ် စတဲ့အစိမ်းရင့်ရောင်
ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်မြိတ်၊ ဂေါ်ဖီ၊ သခွားသီး၊ ငရုပ် သီးမှုန့် ၊
ဥအနှစ် နှင့် တရုပ်ဆီးသီးခြောက် တို့ မှာ ဗီတာမင် K ကိုလုံလောက်စွာ
ရရှိနိုင်ပါတယ်။
(၅) အနက်ရောင် ချောကလက်ဟာ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာအကြို
ရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
(၆) ပြောင်းဖူးထဲတွင်ပါရှိသော ဗီတာမင်B1 သည် ဦးနှောက်ဆဲလ်များကို
အားကောင်းစေပြီး၊ မှတ်ဥာဏ်နှင့် သိမြင်နိုင်စွမ်းရည် တို့ ကို
တိုးတက်ကောင်းမွန်စေသည်။ ထို့ ပြင်
အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်အကြိုဇရာရောဂါ ဖြစ်နိုင်ခြေကို လျော့ချပေး
နိုင် သည်။
(၇) နာတာရှည်အိပ်မပျော်ခြင်း၊ ဦးနှောက်အာရုံကြောပျက်စီးခြင်း၊
အယ်လ်ဇိုင်းမား နှင့် စိတ်ကဆင့်ကလျားရောဂါများ အတွက် တရုပ်နံနံပင်က
ကောင်းစွာ ကုသပေးနိုင်ပါတယ်။
(၈) အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်ဇရာကြိုရောဂါသက်သာဆေးများ၊
ကိုယ်ခံစွမ်းအားကောင်းဆေးနဲ့ မှတ်ဥာဏ်ကောင်းဆေး တွေကို ရီဘိုဖလာဗင်၊
မဂ္ဂနီစီယမ်ဓာတ်တွေနဲ့ ဖော်စပ်ထားခြင်းဖြစ်ပါတယ်။ အဲဒီဓာတ်တွေ
အလုံအလောက်ပါတဲ့ ဗာဒံစေ့ကို စားပေးခြင်းဖြင့်
တစ်နေကုန်လန်းဆန်းလာစေပါတယ်။ ဒါကြောင့် အယ်လ်ဇိုင်းမားဝေဒနာရှင်များဟာ
ဗာဒံစေ့ကို ဖြည့်စွက်စာ အားဆေးအဖြစ် မဖြစ်မနေ စားပေးသင့်ပါတယ်။
(၉) ဂျာမနီနိုင်ငံဆေးသုတေသီများ၏ မှတ်တမ်းများအရ၊
ပင်စိမ်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစုတစ်မျိုးက ဦးနှောက်
စွမ်းဆောင်ချက်ကို တိုးတက်ကောင်းမွန်စေသည့်ပြင်၊ စိတ်ဓာတ်ကျခြင်း၊
စိတ်ဖိစီးခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါတို့ ကို ထိထိ
ရောက်ရောက်ကုသပေးနိုင်ကြောင်း အတည်ပြုထောက်ခံထားပါတယ်။
(၁၀) ငါးများများစားပေးပါ။ လိုအပ်ပါက ဖြည့်စွက်စာအဖြစ် ငါးကြီးဆီ
သောက်ပေးနိုင်ပါတယ်။
(၁၁) လေ့လာစမ်းစစ်ချက်များအရ၊ မိခင်နို့ ဦးရည် နှင့် နို
့ချိုရည်များကို ငယ်စဉ်ကအလုံအလောက်သောက်သုံးခဲ့ရတဲ့ ကလေး များဟာ
သက်ကြီးပိုင်းရောက်လာတဲ့အခါ အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်
ဇရာကြိုရောဂါဖြစ်ဖို့ အခွင့်အလန်း လွန်စွာနည်းပါးပါ တယ်။ ဒါကြောင့် နို
့တိုက်မိခင်များအနေဖြင့် သားသမီးရဲ့ ရှေ့ ရေးကိုမျှော်ကိုးပြီး နို
့ချို၀၀ တိုက်ကျွေးသင့်ပါတယ်။
(၁၂) ဟန်းဖုန်း(လက်ကိုင်ဖုန်း)မှ ထုတ်လုပ်သော
မိုက်ခရိုဝေ့ဖ်ဓာတ်ရောင်ခြည်များ နှင့် လျှပ်စစ်သံလိုက်စက်ကွင်း
ပြင်းအားများ ဟာ ဦးနှောက် အသားပိုကင်ဆာ၊
ပါကင်ဆန်(ခေါ်)ခြေတုန်လုက်တုန်ရောဂါ နှင့် အယ်လ်ဇိုင်းမားရောဂါ တို့ ကို
ဖြစ်ပွားစေနိုင်တာ ကြောင့် ၄င်းဟန်းဖုန်းတွေကို
တာရှည်အသုံးမပြုသင့်ဘူးလို့ မြန်မာနိုင်ငံစားသုံးသူ
ကာကွယ်ရေးအသင်းကြီးမှ သတိပေးနှိုးဆော် ထားပါတယ်။
(၁၄) ဆေးလိပ်သောက်ခြင်း နှင့် တဆင့်ခံ စီးကရက်မီးခိုးငွေ
့ရှုရိုက်ခြင်းတို့ က ဦးနှောက်ကို ကျုံ့ စေပြီး၊ အယ်လ်ဇိုင်းမားရောဂါ၊
ချက်ခြင်း မစဉ်းစားနိုင်ခြင်း၊ မေ့တတ်ခြင်း၊ ပီသစွာ စကားမပြောနိုင်ခြင်း
စသည့် ဦးနှောက်အကြိုဇရာရောဂါကို ဖြစ်စေပါတယ်။
(၁၅) ရယ်မောပျော်ရွှင်ခြင်းကလည်း ဦးနှောက်အတွက်
အကောင်းဆုံးအားဆေးတစ်ခွက်ပါဘဲ။ လေ့လာစမ်းစစ်ချက်များအရ၊ ရယ်မောခြင်းက
စိတ်ဖိစီးမှုကိုပြေလျော့စေပြီး၊
ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားလာစေတာကြောင့် အိန္ဒိနိုင်ငံမှာ
လွန်ခဲ့တဲ့ ၄-နှစ်ခန့် ကစလို့ 
အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်ဇရာကြိုရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်သည့်
အနေဖြင့် နံက်ချိန်ခါ စုပေါင်း ရယ်မောပွဲတွေ ပြုလုပ်လာခဲ့ပါတယ်။
(၁၆) အဆီနည်းသော စားသောက်မှုပုံစံကိုစားသုံးပါက
အသက်အရွယ်အိုမင်းမှုဖြစ်စဉ်ကို ကောင်းကျိုးသက်ရောက်မှုရှိပြီး ဦး
နှောက်ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ပါမယ်။
(၁၇) မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာဟာ အသေးစားဖြစ်သည့်တိုင်အောင်
ဦးနှောက်စွမ်းရည် ကျဆင်းနိုင်ခြေ နဲ့  အတိတ် မေ့ရောဂါ ဖြစ်နိုင်ခြေကို
မြင့်တက်စေပါတယ်။ ဒါကြောင့် ဦးခေါင်းကို ဒဏ်ရာမရအောင် ကာကွယ်ပါ။
(၁၈) ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။ လေ့လာစမ်းစစ်မှု
မှတ်တမ်းများအရ၊ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ဦးနှောက်စွမ်းရည်
ကျဆင်းနိုင်ခြေ လျော့နည်းမှု နှင့် ဆက်စပ်နေပါတယ်။
(၁၉) နာတာရှည်ကျန်းမာရေး ပြဿနာများဖြစ်ကြသော ဥပမာ အ၀လွန်ခြင်း၊ သွေးတိုး၊
ကိုလက်စထရော များခြင်း၊ ဆီးချို သွေးချို တို့ ကဲ့သို့ သော ဝေဒနာများကို
ကုသပါ။ ၄င်းဝေဒနာများဟာ နှလုံး နှင့် ဦးနှောက်ကျန်းမာရေးတို့ ကို
ထိခိုက်စေနိုင်သော ပြဿနာတွေဘဲ ဖြစ်ပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
--
*promise.pauk*
*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို
့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

No comments:

Post a Comment